vivo ကနေ V30 စီးရီးရဲ့ နောက်ဆုံးထွက် မျိုးဆက်သစ် vivo V30e ကို ဒီနေ့မှာပဲ မိတ်ဆက်ပေးလိုက်ပါပြီ။ vivo V30e မှာ Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB/256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ ဒီဖုန်းမှာ Android 14 အခြေပြု Funtouch OS 14 ကို အသုံးပြုထားပြီး Android ဗားရှင်း Upgrades ၃ ခုနဲ့ Security Updates ၄ နှစ် ပေးမယ်လို့ ကုမ္ပဏီဘက်က ကတိပေးထားပါတယ်။

vivo V30e

Photo : Gagadget.com

vivo V30e မှာ ၆.၇၈ လက်မ 120Hz FullHD+ Curved AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 1,300 Nits Peak Brightness အထိ ထောက်ပံ့ပေးထားကာ Under-Display Fingerprints Scanner လည်းထည့်သွင်း ပေးထားပါတယ်။

အရှေ့မျက်နှာပြင်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ Autofocus နဲ့ အလုပ်လုပ်တဲ့ 50MP ဆယ်လ်ဖီ ကင်မရာထည့်သွင်းထားတဲ့ Punch-Hole တစ်ခုပါဝင်ပြီး ကျောဘက်မှာတော့ “Smart Aura Light” လို့ခေါ်တဲ့ စက်ဝိုင်းပုံစံကင်မရာ Island ထဲမှာ 50MP Primary (Sony IMX882 with OIS) ကင်မရာ ၊ 8MP Ultrawide (120° FOV) ကင်မရာနဲ့ Flash မီးတို့ကို တွဲဖက် တပ်ဆင်ထားပါတယ်။ Primary ကင်မရာရော ဆယ်လ်ဖီ ကင်မရာ ၂ ခုလုံးဟာ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာ 44W Fast Charging စနစ် Support ပေးထားတဲ့ 5,500 mAh ဘက်ထရီ ထည့်သွင်းပေး ထားပါတယ်။ vivo V30e ရဲ့နောက်ထပ် Highlights လုပ်စရာ Features တွေအနေနဲ့ကတော့ IP64 Rating အဆင့်သတ်မှတ်ချက် ၊ USB-C နဲ့ 5G ချိတ်ဆက်မှုတွေကို လည်းရရှိမှာ ဖြစ်ပါတယ်။

vivo V30e

Photo : IndiaToday

vivo V30e ကို Velvet Red နဲ့ Silk Blue ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး 8GB/128GB နဲ့ 8GB/256GB ဆိုတဲ့ RAM/Storage အတွဲအစပ် Options ၂ မျိုး ပေးထားပါတယ်။ ဈေးနှုန်းတွေကတော့ 8GB/128GB ဗားရှင်းကို ရူပီး ၂၇,၉၉၉ ( ဒေါ်လာ ၃၃၅ / ယူရို ၃၁၅ ) နဲ့ 8GB/256GB ဗားရှင်းကိုတော့ ရူပီး ၂၉,၉၉၉ ( ဒေါ်လာ ၃၆၀ / ယူရို ၃၃၅ ) ခန့် သတ်မှတ်ထားပြီး မေလ ၉ ရက်နေမှ စတင်ကာ အိန္ဒိယနိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : Gadgets 360