Vivo ကုမ္ပဏီက Y-series ရဲ့ နောက်ဆုံးအသစ်ထွက်ရှိထားတဲ့ Vivo Y22s ဖုန်း ကို မိတ်ဆက်သွားခဲ့ပြီး အဆိုပါဖုန်းဟာ ယခင်ထွက်ရှိခဲ့တဲ့ မျိုးဆက်တွေထက် ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုများစွာကို ယူဆောင်လာတယ်လို့ ကြေညာခဲ့ပါတယ်။

Photo : GSMArena.com

Vivo Y22s ဖုန်းမှာ Qualcomm ရဲ့ Snapdragon 680 Chipset မောင်းနှင်ထားပြီး 8 GB RAM / 128GB Storage ပါရှိကာ microSD Card ထပ်စိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Display ပိုင်းမှာတော့ HD+ ရုပ်ထွက်ပါရှိတဲ့ ၆.၅၅ လက်မ IPS LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာ ၁ လုံးထည့်သွင်းထားတဲ့ Waterdrop Notch တစ်ခု ပါရှိပါတယ်။ ကျောဘက်မှာတော့ F/1.8 Aperture နဲ့ ရိုက်ကူးနိုင်မယ့် 50MP Main ကင်မရာနဲ့အတူ 2MP အရန်ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပါတယ်။

Photo : GSMArena.com

Vivo Y22s ဖုန်းဟာ Android 12 ကို အခြေပြုထားတဲ့ FuntouchOS 12 ကိုအသုံးပြုထားပြီး 18W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါရှိပါတယ်။ Vivo Y22s ဖုန်းကို Starlit Blue နဲ့ Summer Cyan အရောင် ၂ မျိုးနဲ့ ရရှိနိုင်ပြီး ဗီယက်နမ်နိုင်ငံမှာ VND ၅,၉၉၀,၀၀၀ ( ဒေါ်လာ ၂၅၅ / မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်ခန့်) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာ ဝယ်ယူလို့ရမရ ဆိုတာကိုတော့ အသေးစိတ်မသိရသေးပေမယ့် လက်ရှိမှာ Vivo Y22s ဖုန်းကိုတော့ စတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

Featured Photo : Newsquick24