Vivo ကုမ္ပဏီက ပြီးခဲ့တဲ့လက Dimensity 930 SoC သုံး Y77 ဖုန်း ကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပြီး အခုတဖန် Dimensity 810 Chip မောင်းနှင်ထားတဲ့ ‘e’ ဗားရှင်းအသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Vivo Y77e ဖုန်း မှာ Android 12 အခြေပြု OriginOS Ocean ကိုအသုံးပြုထားပြီး RAM 6GB / 128GB Storage ၊ RAM 8GB / 128GB Storage နဲ့ RAM 8GB / 256GB Storage ဆိုမျိုး ရွေးချယ်စရာ ၃ မျိုးနဲ့ လာပါတယ်။ 1TB အထိ Storage ကို တိုးမြှင့်နိုင်တဲ့ MicroSD Card Slot တစ်ခုလည်း ပါရှိပါတယ်။
Photo : Crast.net
Vivo Y77e ဖုန်းဟာ ၆.၅၈ လက်မ FullHD+ OLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 60Hz Refresh Rate နဲ့ 180Hz Touch Sampling Rate တို့အတူ တည်ဆောက်ထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ USB-Type C အားသွင်းပေါက်ကနေ 18W အထိ အားသွင်းနိုင်တဲ့ 5,000 mAh ဘက်ထရီ ပါရှိပါတယ်။
ဓာတ်ပုံရိုက်ဖို့အတွက် အရှေ့ဘက်မှာ 8MP Selfie ကင်မရာ ၁ လုံးပါရှိပြီး အနောက်ဘက်မှာတော့ 13MP Main ကင်မရာကို 2MP Macro Unit ကင်မရာနဲ့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ Vivo Y77e ဖုန်းမှာ 5G စနစ်ထောက်ပံ့ပေးထားပြီး အောက်ခြေမှာ 3.5mm နားကြပ်ပေါက်နဲ့ ဘေးဘက်မှာ Fingerprint တို့ ပါဝင်ပါတယ်။
Vivo Y77e ဖုန်းဟာ မလေးရှားနိုင်ငံမှာ ရောင်းချတဲ့ Y77 ဗားရှင်းနဲ့ အတော်လေး ဆင်တူပြီး တချို့သော Specs အနည်းငယ်သာ ကွဲပြားပါတယ်။ မလေးရှားနိုင်ငံမှာ ရနိုင်တဲ့ Y77 ဖုန်းမှာ 16MP Selfie ကင်မရာ တပ်ဆင်ပေးထားပြီး ကျောဘက်မှာ 50MP Main ကင်မရာ ပါရှိပါတယ်။ LCD ပိုင်းမှာလည်း OLED Panel အစား Funtouch OS 12 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Photo : Gizmochina
အခုလက်ရှိ မိတ်ဆက်လိုက်တဲ့ Vivo Y77e ဖုန်း မှာတော့ အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး 8GB/128GB မော်ဒယ်ကို တရုတ်နိုင်ငံမှာ ယွမ် ၁၆၉၉ (ဒေါ်လာ ၂၅၀/ ယူရို ၂၄၅ / မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်ခန့်) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Vivo ကုမ္ပဏီဘက်က ကျန်တဲ့ RAM 6GB / 128GB Storage နဲ့ RAM 8GB / 256GB Storage ဗားရှင်းတွေအတွက် ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးသလို ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မသိရသေးပါဘူး။
Featured Photo : GSMArena.com