မန်ချက်စတာယူနိုက်နဲ့ Crystal Palace အသင်းတာဝန်ရှိသူတွေဟာ တနင်္လာနေ့နေ့လည်က တရားဝင်တွေ့ဆုံခဲ့ပြီး Aaron Wan-Bissaka အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ Aaron Wan-Bissaka အတွက် မန်ယူအသင်းရဲ့ သုံးကြိမ်မြောက်ကမ်းလှမ်းခြင်းလည်း ဖြစ်ပါတယ်။ Crystal Palace အသင်းကတော့ သူတို့ရဲ့နောက်ခံလူအတွက် ပေါင်သန်း ၅၀ ထိရဖို့ မျှော်မှန်းထားတာပါ။ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်လည်း နှစ်သင်းလုံးက မျှော်လင့်နေကြပါတယ်။ လက်ရှိမှာတော့ Aaron Wan-Bissaka ဟာ Crystal Palace အသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေပါသေးတယ်။

Source: Premier League

မန်ယူနည်းပြ ဆိုးရှားက အဆိုပါကစားသမားကို လာမဲ့ဘောလုံးရာသီအတွက် အမြန်ဆုံးခေါ်ယူချင်နေတာပါ။ Crystal Palace အသင်းအတွက် သူတိုရဲ့နောက်ခံလူကို ရောင်းထုတ်ဖို့ ဘာဖိအားမှမရှိဘူးလိုလည်း သိရပါတယ်။ ပြီးခဲ့တာ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ Palace အသင်းက အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Aaron Wan-Bissaka က အသင်းအတွက် တစ်ရာသီအတွင်း ၃၅ ပွဲအထိ ပါဝင်ကစားပေးထားပြီး ခြေစွမ်းပြ နိုင်ခဲ့တာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ မျက်စိကျနေခဲ့တာပါ။

Source: SilverbirdTV

မန်ယူအသင်းဟာ အဆိုပါ နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ကစားသမားတယောက်ဖြစ်တဲ့ Matteo Darmian ကိုရောင်းထုတ်ပြီး ဘက်ဂျက်ရှာဖို့ စီစဉ်နေပါတယ်။ Matteo Darmian မန်ယူအသင်းမှာ နေရာမရဖြစ်နေပြီး အသင်းနဲ့လည်း စာချုပ်ကုန်ဆုံးတော့မဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Darmian ကိုတော့ ဂျူဗီတပ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Aaron Wan-Bissaka ဟာ အင်္ဂလန် ယူ ၂၁ အသင်းတွက် ကစားပေးနေပါတယ်။ သူဟာ ငယ်ရွယ်ပြီး လျင်မြန်ဖျတ်လတ်ကာ အမြင့်ဘောတွေ ကာကွယ်ရှင်းထုတ်နိုင်တဲ့အတွက်ကြောင့် ဆိုးရှားက ရေရှည်အတွက် ရည်မှန်းပြီး ခေါ်ယူချင်နေတာပါ။

Source: Versus

Aaron Wan-Bissaka ဟာ Crystal Palace အကယ်ဒမီထွက်ကစားသမားတယောက်ဖြစ်ပြီးတော့ အနာဂတ်မှာ ထွန်းတောက်လာမဲ့ နောက်ခံကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။