အလုပ်ခွင်မှာ အလုပ်တွေကြိုးစားပြီး ယုံကြည်ရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်နေပေမယ့် တခြားဝန်ထမ်းတွေရဲ့ လေးစားမှုမခံရတာဘာကြောင့်လဲ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအများကြီးရှိပါတယ်။ တကယ်လို့ လုပ်ငန်းခွင်ထဲမှာ လူလေးစားတာခံချင်တယ်ဆိုအရင် အခုပြောပြမယ့် အချက်တွေကို ဂရုစိုက်ပြီး ဖတ်ပေးပါ။
သူများစကားပြောနေချိန် ကြားဖြတ်မပြောနဲ့

Source: Recruiter
တခြားလူတွေစကားပြောနေချိန် ကြားဖြတ်ပြီး ဝင်ရောက်ပြောဆိုခြင်းဟာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် လူမှု့ပတ်ဝန်းကျင်မှာ သတ်မှတ်ထားပါတယ်။ ပြီးတော့ ဒါဟာ တခြားလူတွေကို မလေးစားရာလည်းရောက်ပါတယ်။ ဒါ့ကြောင့် ကြားဖြတ်ပြောချင်နေရင်တောင် ထိန်းထားပြီး။ တစ်ဖက်လူ ပြောတာကိုဆုံးအောင်နားထောင်ပေးလိုက်ပါ။
ချိန်းဆိုထားတဲ့နေရာကို နောက်ကျပြီးမှရောက်လာခြင်း

Source: SME Business Academy
ချိန်းဆိုထားတဲ့နေရာ (သို့) အစည်းအဝေးသို့ အချိန်နောက်ကျပြီးမှ ရောက်လာခြင်းက တခြားလူတွေကို စိတ်အနှောင့်အယှက်အလွန်ဖြစ်စေပါတယ်။ တစ်စုံတစ် ယောက်က သင်ချိန်းထားတဲ့နေရာကို နောက်ကျပြီးမှ ရောက်လာရင် သင်အနေနဲ့ရော ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ ဒါ့ကြောင့် ကိုယ့်အပေါ်လာလုပ်တာကို မကြိုက်ဘူးဆိုရင် တခြားလူတွေအပေါ်မှာလည်း သွားပြီး မလုပ်ပါနဲ့။
အစည်းအဝေးကို နောက်ကျပြီးမှ စတင်ခြင်း

Source: Shutterstock
အစည်းအဝေးခန်းမထဲမှာ တခြားလူတွေက ရောက်နှင့်နေပြီ။ သင်ကနောက်ကျပြီးမှ ဝင်လာပြီး အစည်းအဝေးကိုလည်း နောက်ကျပြီးမှ စတင်မယ်ဆိုရင် သေချာပါတယ်။ သင့်ကိုစောင့်နေတဲ့ လူတွေထဲမှာ သင့်အပေါ် စိတ်ဆိုးနေတဲ့လူတွေ အများကြီးရှိနေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တခြားလူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ဖြုန်းတီးရာရောက်နေလို့ပါပဲ။
အစည်းအဝေးမှာ စကားအများကြီး ပြောနေခြင်း

Source: PhocusWire
လူတော်တော်များများကတော့ လိုအပ်တာထက်ပိုပြီး စကားအများကြီးပြောတဲ့လူတွေကို သဘောကျလေ့မရှိကြဘူး။ ဒါ့ကြောင့် အစည်းအဝေးခန်းမှထဲမှာ လိုအပ်တာထက်ပိုပြီး မပြောပါနဲ့။ တခြားလူတွေရဲ့ အကြံအဉာဏ်နဲ့ တွေးခေါ်မှုတွေကိုလည်း နားထောင်ပေးလိုက်ပါ။
လုပ်ဖော်ကိုင်ဖက်တွေကို အော်ငေါက်ခြင်း

Source: SFM Mutual Insurance
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေကို အော်ငေါက်တာတွေလည်း လက်ခံနိုင်စရာမရှိပါဘူး။ သင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျိုးကြောင်းဆီလျော်အောင် မဆွေးနွေးနိုင်ရင် ဒေါသထွက်ပြီး အော်ငေါက်တာတွေမလုပ်ဘဲ တတ်နိုင်သလောက် ခဏအချိန်ပေးလိုက်ပါ။
