ပထမတစ်ခေါက်က ကားဒိုင်ခွက် (Dashboard) မှာပေါ်လာတတ်တဲ့ Warning Light (၄) ခုအကြောင်းကို ပြောပြခဲ့ပါတယ်။ အခုတစ်ခါမှာလည်း ကျန်ရှိနေသေးတဲ့ Warning Light တွေထဲကမှာ (၄) ခုကို ထပ်မံပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ ကားတစ်စီးကို ကိုယ်တိုင်မောင်းနေတဲ့သူတွေအဖို့တော့ ဒီလို Dashboard Warning Light တွေဟာ သိကိုသိထားသင့်တဲ့ ဗဟုသုတအကြောင်းအရာတွေဖြစ်တာမလို့ ကွီးပရိသတ်တွေ ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) Brake System Warning Light

Source : AA1Car.com

မနေ့ကတော့ ABS System ကိုပြောခဲ့တာဖြစ်ပြီး ဒီတစ်ခေါက် Brake System Warning Light က အဓိက အားဖြင့် လက်ကိုင်ဘရိတ်( Hand Brake) ကိုညွှန်ပြတဲ့ အချက်ပြမီးဖြစ်ပါတယ်။ အဆိုပါ မီးလေးလင်းနေရင်တော့ Hand Brake နဲ့ ပတ်သက်တဲ့ အချက်ပြသင်္ကေတဖြစ်ပါတယ်။ သင်ဟာ Hand Brake ဆွဲမထားဘဲနဲ့ အခုလို မီးလင်းနေရင်တော့ Hand Brake ကို တစ်ချက်စစ်ဆေးကြည့်သင့်ပါတယ်။

(၂) Engine Oil Pressure Light

Source : YourMechanic

အဆိုပါမီးလေးကတော့ ကားအင်ဂျင်ဝိုင်ကို ဖော်ပြတဲ့ အချက်ပြမီးသင်္ကေတဖြစ်ပါတယ်။ ကားမောင်းနေစဉ် ဒီမီးလေးလင်းလာရင်တော့ သင့်ကားအင်ဂျင်ဝိုင်နည်းနေတာ ဒါမှမဟုတ် ဂျင်အင်ဝိုင်မှာ ပြဿနာအနည်းငယ်ရှိနေတာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကားဝပ်ရှော့တစ်ခုခုမှာ အင်ဂျင်ဝိုင်နဲ့ ပတ်သက်ပြီး သွားရောက်စစ်ဆေးသင့်ပါတယ်။

(၃) Battery Warning Light

Source : searlesauto.ca

ဒီမီးလေးကတော့ ကားဘထ္ထရီကိုဖော်ပြတဲ့ အချက်ပြသင်္ကေတဖြစ်ပါတယ်။ ကားမောင်းနေစဉ်အဆိုပါ ဘထ္ထရီအချက်ပြမီး လင်းလာရင်တော့ သင့်ကားဘထ္ထရီမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်နေလို့ ဖြစ်နိုင်ပါတယ်။

(၄) Tyre Pressure Warnning Light

Source : beachautomotive.com

အထက်ပါပုံထဲကအတိုင်း Tyre Pressure Warning Light လင်းလာရင်တော့ သင့်ကားတာယာရဲ့ လေပေါင်ချိန်ကို ညွှန်ပြနေတာဖြစ်ပါတယ်။ အဓိကအားဖြင့် ကားတာယာတွေရဲ့ လေပေါင်ချိန် မမှန်တဲ့အခါ ပေါ်လာတတ်တဲ့ အချက်ပြမီးသင်္ကေတတစ်ခုဖြစ်ပါတယ်။ ဒီလိုပေါ်လာရင်တော့ နီးစပ်ရာ ကားလေထိုးတဲ့ဆိုင်တွေမှာ လေပေါင်ချိန်ကို စစ်ဆေးသင့်ပါတယ်။