တစ်ခါတစ်လေ ကားဒိုင်ခွက် (Dashboard) မှာပေါ်လာတတ်တဲ့ Warning Light တွေကို သတိထားမိကြလား။ ဒီအချက်ပြမီးလေးတွေကို ယာဉ်မောင်းသက်တမ်းကြာတွေသူတွေကတော့ သိကောင်းပါလိမ့်မယ်။ သို့သော် ကားမောင်းတာသိပ်မကြာသေးတဲ့ သူတွေအနေနဲ့ ဒီလိုအချက်ပြ သင်္ကေတတွေပေါ်လာတဲ့အခါ ဘာကိုသတိပေးမှန်းမသိဘဲ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကား Dashboard မှာပေါ်လာတတ်တဲ့ Warning Light တွေ အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) Antilock Brake Warning (ABS)

Source : mentalfloss.com

ABS Warning Light ကတော့ အဓိကအားဖြင့် Antilock ဘရိတ် System ကို ညွှန်ပြနေတာဖြစ်ပါတယ်။ ကားစက်နှိုးပြီးတဲ့ချိန်အထိ အဆိုပါ ABS Warning Light ဆက်လင်းနေရင်တော့ သေချာပါတယ် ABS System မှာ တစ်ခုခုလွဲချော်မှုရှိနေပြီဖြစ်ပါတယ်။

(၂) Engine Warning Light

Source : mentalfloss.com

အထက်ပါပုံအတိုင်း Dashboard မှာပေါ်နေရင်တော့ ဒါဟာ Engine Warning Light ကို ဖော်ပြနေတာဖြစ်ပါတယ်။ အဓိကအားဖြင့် သင့်ကား Engine မှာပြသနာတစ်ခုခု ရှိနေတယ် ဆိုတာကို ညွန်ပြနေတာဖြစ်ပါတယ်။ ဒီလိုပေါ်လာရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ တစ်ခုခုမှာ သွားရောက်စစ်ဆေးသင့်ပါတယ်။

(၃) Seatbelt Reminder Light

Source : mentalfloss.com

စာရေးသူအရင်က ဒီသင်္ကေတကို ခေါင်းလောင်းလို့ထင်ခဲ့ဖူးပါတယ်။ တကယ်တော့ ထိုင်ခုံခါးပတ်ကို သတိပေးတဲ့ Light ဖြစ်ပါတယ်။ aခါင်းလောင်းမဟုတ်ပါဘူးနော်။ သင်ဟာ ထိုင်ခုံခါးပတ် ပတ်မထားရင်တော့ ဒီလိုသင်္ကေတလေး ပြနေမှာဖြစ်ပါတယ်။

(၄) Engine Temperature Warning Light

Source : mentalfloss.com

ဒီသင်္ကေတကတော့ သင့်ကားအင်ဂျင်ရဲ့ အပူချိန် အရမ်းမြင့်တက်နေတယ်ဆိုတာကို ညွှန်ပြတဲ့ Engine Temperature Warning Light  ဖြစ်ပါတယ်။ ဒီလိုအချက်ပြလာရင်ကို နီးစပ်ရာမှာ ကားကိုထိုးရပ်ပြီး အင်ဂျင်ကိုအနားပေးသင့်ပါတယ်။ မဟုတ်ရင် အင်ဂျင်တစ်ခုလုံးပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။