လူတိုင်းလူတိုင်းမှာ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရှိကြပါတယ်။ဒါပေမယ့် လောကကြီးမှာက လူအမျိုးမျိုးစိတ်အထွေထွေ မျက်နှာဖုံးတွေနဲ့ လူသားတွေကခပ်များများရယ်ပါ။ ကိုယ်အနားမှာရှိနေတဲ့သူတိုင်းက ကိုယ့်အတွက် စစ်မှန်တဲ့မိတ်ဆွေတစ်ယောက်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာတော့ မိတ်ဆွေအတုမှန်း သိသာစေတဲ့ အချက်တွေကို စာဖတ်ပရိသတ်တွေအတွက်ပြောပြပေးချင်ပါတယ်။

(၁) အယူပဲရှိပြီး အပေးမရှိသူ

Source : Shutterstock

မိတ်ဆွေအစစ်ဆိုတာ ကိုယ်တကယ်ရောက်လာရင်ကူညီဖို့ဝန်မလေးသလို ကိုယ်ဘက်ကကူညီလိုက်တဲ့အကူအညီကိုလည်း ထာဝရမမေ့ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ ဒုက္ခရောက်တဲ့အချိန် ကိုယ်စီကအကူညီရယူခဲ့ဖူးပေမယ့် ကိုယ်လည်း အခက်အခဲအကျပ်အတည်းတွေနဲ့ ပြန်ရင်ဆိုင်ရတဲ့အခါ မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုထားတက်တဲ့သူဆိုရင်တော့ ဝေးဝေးကရှောင်ဖို့မှာချင်ပါတယ်။

(၂) နောက်ကွယ်မှာ မကောင်းပြောတက်သူ

Source : Samayam

ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး အမျိုးစုံကြိုးခုန်တက်တဲ့လူတွေဟာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ကိုယ်ရှေ့မှာမြှောက်ပင့်ပြီးပြောဆိုပေမယ့် ကိုယ်နောက်ကွယ်ရောက်တဲ့အခါ ကိုယ့်ရဲ့ မကောင်းသတင်း အတင်းအဖျင်းတွေကို သပုတ်လေ့လွင့်ပြောဆိုနေတက်တဲ့သူတွေဟာ တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ မိတ်ဆွေအတုဖြစ်ပါတယ်။

(၃) သစ္စာဖောက်ဖို့ ဝန်မလေးသူ

Source : iStock

မိတ်ဆွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိဖို့လည်း လိုပါတယ်။ တစ်ယောက်ကိုတစ်ယောက် တိုးတက်ရာတိုးတက်ကြောင်း အချင်းချင်းမျှဝေ ကူညီပြီးလက်တွဲခေါ်ခြင်းက ဘဝမှာစစ်မှန်တဲ့ မိတ်ဆွေပါ။ဒီလိုမှမဟုတ်ပဲ ကိုယ့်အပေါ် သစ္စာဖောက်ဖို့ ကိုယ့်အပေါ် ကျော်ဖို့ခွဖို့ ဝန်မလေးတက်သူတစ်ယောက်ဆိုရင်တော့ လုံးဝကိုအပေါင်းအသင်း အဆက်အဆံ မလုပ်သင့်ပါဘူး။

(၄) အားနည်းချက်ကိုနိုင်ကွက်လုပ်သူ

Source: Pixabay

တစ်ခါတစ်လေမှာ ကိုယ့်ဘဝရဲ့ လျို့ဝှက်ချက်တွေ အားနည်းချက်တွေကို ကိုယ့်ရဲ့ မိတ်ဆွေထံ ထုတ်ပြောမိတက်ကြပါတယ်။စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်မိတာ ကိစ္စမရှိပေမယ့် ကိုယ့်အပေါ်မစစ်မှန်တဲ့ လူတစ်ယောက်ကိုပြောပြလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ လျို့ဝှက်ချက် အားနည်းချက်တွေက သူတို့အတွက်နိုင်ကွက်ဖြစ်သွားတက်ပါတယ်။ ဒီလိုကိုယ့်အားချက်ကိုအနိုင်ယူပြီး ကိုယ့်အကျိုးစီးပွားတက်အသုံးချသူတွေကို မိတ်ဆွေစာရင်းကထုတ်လိုက်ပါ။