Warren Buffett ထံတွင် ဒေါ်လာများ ဘီလီယံနဲ့ချီပြီး ရှိတယ်ဆိုပေမယ့်လည်း သူသည် တခြားသော သူဌေးကြီးများကဲ့သို့ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားသောနည်းလမ်းများဖြင့် ပိုက်ဆံဖြုန်းခြင်းထက် ဘဝကို အရိုးရှင်းဆုံးသောနည်းဖြင့်သာ နေထိုင်တာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Warren Buffett တစ်ယောက် ဘဝကို ဘယ်လိုပုံစံဖြင့် အရိုးရှင်းဆုံးဖြတ်သန်းသလဲ ဘယ်လိုနည်းလမ်းနဲ့ ပိုက်ဆံစုဆောင်းသလဲဆိုတာကို သိချင်နေတဲ့ စာဖတ်သူများအတွက် ဒီဆောင်းပါးလေးကို ဝေမျှပေးလိုက်ရပါတယ်။

သူသည် ၁၉၅၈ ခုနှစ်ကတည်းက ဝယ်ထားတဲ့ အိမ်မှာပဲ ဆက်လက်နေထိုင်နေတယ်

useful advice from Warren Buffett for men

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဝယ်ခဲ့တဲ့ အိမ်မှာပဲ သူသည် နေထိုင်လျက်ရှိပါတယ်။ အခြားသော ဘီလီယံနာများဆိုရင် တကယ့်ဈေးအကြီးဆုံးသော အိမ်များမှာ နေထိုင်လျက်ရှိပြီး ဘဝကို ဖြတ်သန်းနေကြတာပါ။ ဒါပေမဲ့ သူဌေးဆိုတဲ့အတိုင်း သူ့ရဲ့အိမ်ခန်းများကတော့ အများအပြားပဲရှိပါတယ်။

ဈေးပေါသော မနက်စာကိုသာ စားသုံးတယ်

useful advice from Warren Buffett for men

Warren Buffett သည် ကိုယ်ပိုင်စားဖိုမှူးတစ်ယောက် ငှားထားပြီး မနက်စာ ချက်ပြုတ်ခိုင်းပါတယ်။ တခါတရံမှာလည်း Mickey D ထံမှ မနက်စာ ဝယ်စားလေ့ရှိပါတယ်။ သူ့မနက်စာသည် ဒေါ်လာ ၃.၁၇ ဒေါ်လာထက် မကျော်လွန်ပါဘူး။

ဘရန်းအစွဲမရှိဘူး

useful advice from Warren Buffett for men

Warren Buffett သည် ဒီဇိုင်နာဝတ်စုံများ၊ နောက်ဆုံးပေါ် အိုင်ဖုန်းများ၊ စမတ်ဖုန်းများကိုလည်း စိတ်မဝင်စားပါဘူး။ မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံအကုန်မခံတဲ့ သူဌေးကြီးတစ်ယောက်ပါ။ သူတစ်ခါ ပြောဖူးတာကတော့ … “သုံးပြီးမှ ကျန်တဲ့ပိုက်ဆံကို မစုရဘဲ၊ အရင်စုပြီးမှ ကျန်တဲ့ပိုက်ဆံကို သုံးရမှာ” ဆိုတာပါပဲ။

သူ နှစ်သက်တဲ့အရာကို သူလုပ်တယ်

 

useful advice from Warren Buffett for men

Photo Source: Edition.cnn.com

ကိုယ် လုပ်နေတဲ့အရာကို ကိုယ် နှစ်သက်ဖို့လိုတယ် သူသည် လူငယ်များကို အမြဲတမ်းအကြံပေးလေ့ရှိပါတယ်။ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်အချက်အလက်များသည် အများအထင်ကြီးစရာဖြစ်ဖို့ထက် ကိုယ် နှစ်သက်တဲ့အလုပ်မှာ ပျော်ရွှင်နေဖို့ပဲလိုတာပါ။

ကိုယ့်ရဲ့အချိန်ပြည့်အလုပ်ကို ထွက်ဖို့မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ကိုယ် နှစ်သက်တဲ့ဝါသနာကို ပြုလုပ်နိုင်ပါတယ်။ Buffett ကိုယ်တိုင်သည်လည်း Card ဂိမ်းဆော့ခြင်း Ukulele တီးခတ်ခြင်းတို့ကို အားလပ်ချိန်တွင် ပြုလုပ်လေ့ရှိပါတယ်။

ငွေသားကိုသာ အသုံးပြုတယ်

useful advice from Warren Buffett for men

အိုင်တီခေတ် ဖြစ်လာတဲ့အလျောက် Card စနစ်ဖြင့် ငွေရှင်းခြင်းသည်လည်း တဖြည်းဖြည်းတွင်ကျယ်လာခဲ့ပါပြီ။ဒါပေမဲ့ Warren Buffettt ကတော့ ငွေသားဖြင့်သား ပိုက်ဆံချေပါတယ်။ ဒီလိုငွေသားဖြင့် ငွေချေခြင်းသည် အကုန်အကျပိုမိုသက်သာစေလို့ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဏ်ထဲမှာ ပိုက်ဆံရှိတာမှန်ပေမယ့် ငွေသားဖြင့်သာ ပိုက်ဆံချေတဲ့အခါ လက်ထဲတွင် ငွေသားကုန်သွားတဲ့အခါ ထပ်မဝယ်မိတော့အောင်လို့ မိမိကိုယ်ကိုယ် သတိပေးရာရောက်ပါတယ်။

Source: Finance.yahoo.com

Featured Image Source: Asianmoneyguide.com