လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝဖို့ လုံလောက်တဲ့ ရေပမာဏကိုသောက်ပေးရမှာဖြစ်သလို အစားအစာတွေကနေလည်း ရေဓာတ်ကိုရရှိစေနိုင်ပါတယ်။ ဒီဆောင်းလေးမှာတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေစေဖို့ ကူညီပေးမယ့် ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေအကြောင်းမျှဝေပေးချင်ပါတယ်။
(၁) ဖရဲသီး

Source : SNAP-Ed Connection
ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလို့ပြောလိုက်တာနဲ့ ဖရဲသီးကတော့ ချန်ထားလို့မရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အလွန်ညီညွတ်ပြီး ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အေနှင့် မဂ္ဂနီဆီယမ်ဓာတ်များလည်း များစွာပါဝင်ပါတယ်။
(၂) စတော်ဘယ်ရီသီး

Source : Yates
စတော်ဘယ်ရီသီးမှာလည်း ရေဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပြည့်ဝအောင်ဖြည့်တင်းပေးပါတယ်။ စတော်ဘယ်ရီကိုပုံမှန်စားပေးမယ်ဆိုရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ခြင်းတွေကိုလျော့နည်းစေပါတယ်။
(၃) သခွားမွှေး

Source : Dr. Michael Murray
သခွားမွှေးဟာ အလွန်အာဟာရရှိတဲ့အသီးတမျိုးဖြစ်ပြီး ရေဓာတ်ပါဝင်မှုလည်းအရမ်းကိုမြင့်မားပါတယ်။ ဒါ့အပြင် သမွှားမွှေးမှာ အမျှင်ဓာတ် ဗီတာမင်အေဓာတ်များလည်းပါဝင်တာကြောင့် အစားစားချင်စိတ်ကိုလျော့ချပေးပြီး ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေဖို့အထောက်အပံ့ပေးပါတယ်။ သခွားမွှေး ကိုအသီးတိုင်းဖြစ်စေ ဖျော်ရည်ဖြစ်စေ ဒိန်ချဉ်နဲ့ြ့ဖစ်စေ နှစ်သက်သလိုစားသုံးပေးနိုင်ပါတယ်။
(၄) သခွားသီး

Source : SNAP
သခွားသီးမှာလည်း ရေဓာတ်ပါဝင်မှုနှုန်းအရမ်းကိုမြင့်မားပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ် ကဲ့သို့သော အကျိုးပြုဓာတ်တွေကို ပေးစွမ်းပါတယ်။ ကယ်လိုရီပါဝင်မှုလည်း အရမ်းကိုနည်းတာကြောင့် ကိုယ်အလေးချိန်လျော့ချနေသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။
