တစ်ခါတစ်လေ ဒေါသထွက်ခြင်းက သင့်အတွက်ကောင်းပါတယ်။ တကယ်လို့ ကျန်းမာရေးနဲ့အညီ ဒေါသထွက်မယ်ဆိုရင်ပေါ့။ တကယ်တော့ ဒေါသက တစ်ချို့သောလူတွေကို ပိုပြီး ဆင်ခြင်တုံတရား ရှိရှိစဉ်းစားတက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒေါသကို အတွင်းထဲမှာပဲ အချိန်အကြာကြီးထိန်းထားတာ မခံနိုင်တော့မှာ ဒေါသတွေ စုပြုံပြီး ပွင့်ထွက်လာတာက သင့်ခန္ဓာကိုယ်အတွက်ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဒီနေ့ဆောင်းပါးမှာတော့ ဒေါသစိတ်က ကျန်းမာရေးအပါ် ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ဒေါသအိုးပေါက်ကွဲခြင်းက နှလုံးကို ထိခိုက်စေနိုင်တယ်

Source: The Interrrobang
စိတ်ရောဂါ နည်းပြဆရာဖြစ်သူ Chris Aiken ကတော့ အချိန် (၂) နာရီ ဒေါသပေါက်ကွဲပြီးနောက်ပိုင်း လူတစ်ယောက်မှာ နှလုံးရောဂါရနိုင်ခြေ (၂) မြင့်တက်သွားတယ်လို့ ဆိုထားပါတယ်။
ဒေါသစိတ်ကိုဖိနှိပ်ထားတာ ဒီလိုဒေါသဖြစ်မှုဟာ အရမ်းထိန်းချုပ်ထား ခြင်းကြောင့်(သို့) သိုသိပ်ထိန်းချုပ်ထားမှု အလွန်အကျွံဖြစ်သွားမှုကြောင့် နှလုံးရောဂါဖြစ်မှုကို တွန်းအား ပေးရာရောက်ပါတယ်။ အမှန်မှာ လေ့လာမှုတစ်ခု အဆိုအရ အမျက်ဒေါသ ဖြစ်လေ့ဖြစ်တတ်တဲ့ သူများဟာ မဖြစ်စေသော လူများထက် နှလုံးရောဂါဖြစ်ပွားမှု နှစ်ဆပိုများပါတယ်။ ဒေါသမဖြစ်အောင်ကာကွယ်ဖို့ မိမိရဲ့ စိတ်ခံစားမှုများကို နားလည်သဘော ပေါက်အောင်လုပ်ဆောင်သင့်ပြီး ထိန်းချုပ်သင့်ပါတယ်။
အမျက်ဒေါသထွက်ခြင်းက လေဖြတ်နိုင်ခြေရှိတယ်

Source: TheHealthSite
လေ့လာမှုတစ်ခုအရ ဒေါသပေါက်ကွဲပြီးနောက် (၂) နာရီအတွင်း ဦး နှောက်အတွင်းသွေးခဲခြင်း (သို့) ဦး နှောက်အတွင်းသွေးထွက်ခြင်း ဖြစ်နိုင်ခြေသုံး ဆပိုမိုမြင့်မားပြီး အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ဦးနှောက်ရဲ့သွေး လွှတ်ကြောများထဲမှာ အလွန်အမင်းကြီးထွားနေသော သွေးလွှတ်ကြော aneurysm ရှိသောသူများ အနေနဲ့ ဒေါသ ပေါက်ကွဲခြင်းကြောင့် ထို aneurysm ပေါက်ကွဲနိုင်ခြေ (၆) ဆပိုမို မြင့်မားသော အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်

Source: Psychology Today
တစ်ချိန်လုံးဒေါသထွက်နေတာက သင့်ကိုအားနည်းစေပြီး မကြာခဏဖျားနာစေနိုင်ပါတယ်။ Harvard University ကကျွင်းကျင်သူတွေရဲ့ လေ့လာမှုတစ်ခုအရ ကျန်းမာရေးကောင်းတဲ့ လူများတောင်အတိတ်က ဖြစ်ပြီးခဲ့တဲ့ အမျက်ဒေါသေတွကို ပြန်လည်စဥ်းစားလိုက်မိရုံနဲ့ ရောဂါပိုးကူးစက်မှုကို ကာကွယ်သည့်ဆဲလ်များ၏ပထမ ဦး ဆုံးသော antibody immunoglobulin A ပမာဏသည်ခြောက်နာရီကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒေါသသည် စိတ်ကျရောဂါနဲ့ ဆက်စပ်နေတယ်

Source: HelpGuide.org
လေ့လာမှုများစွာသည် အထူးသဖြင့် ယောက်ျားလေးများတွင်စိတ်ကျ ရောဂါနဲ့အမျက် ဒေါသထွက်မှုများသည် ဆက်စပ်မှုရှိကြောင်းလေ့လာခဲ့ပါတယ်။ “စိတ်ကျ ရောဂါ ဖြစ်မှုများတွင် ကိုယ်ထိလက်ရောက်မပြုသော ဒေါသထွက်မှုများကို ပိုမိုတွေ့ရ လေ့ရှိပါတယ်။” စိတ်ကျ ရောဂါနဲ့ ဒေါသများရောနှော နေသူများအတွက် အကောင်းဆုံး အကြံဉာဏ်ကတော့ မိမိကိုယ်ကို အလုပ်များစေ အောင်လုပ်ဆောင်တာ၊ (သို့)ထိုအ နှောက်ယှက်ဖြစ်စေမည့် အတွေးများကို ဆက်မတွေးတောစေခြင်းတို့ဖြစ်တယ်လို့ ဒါရိုက်တာ Chris Aiken က ပြောပါတယ်။
