အမျိုးသားတွေအာရုံစိုက်ကြတဲ့ ကျန်းမာရေးဆိုင်ရာအလေ့အထတွေထဲမှာ သက်လုံကောင်းကောင်းနဲ့ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝနေဖို့က လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝဖို့အတွက် အခြေခံအားဖြင့် နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကကျပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် လိင်မှုစွမ်းရည်လည်း တိုးတက်လာစေမှာပါ။ နောက်ထပ်အမျိုးသားတို့အတွက် သက်လုံကောင်းပြီး လိင်မှုစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတချို့ ကိုလည်း မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ


Photo : Men’s Health

နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်တာဟာ နှလုံးကျန်းမာရေးမြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းကောင်းနဲ့ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း ကဲ့သို့ ချွေးထွက်များစေမယ့် လေ့ကျင့်ခန်းတွေ တစ်ရက်ကို နာရီဝက်လောက်လုပ်ဆောင်ပေးတာနဲ့ သင်ရဲ့ libido ကို မြှင့်တင်ပေးနိုင်မှာပါ။

(၂) စိတ်ဖိစီးမှုလျော့ချပါ

Photo : Westend61

စိတ်ဖိစီးမှုတွေဟာ Libido အပါအဝင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ နှလုံးခုန်နှုန်းကို ကမောက်ကမဖြစ်စေပြီး သွေးဖိအားကို တိုးစေပါတယ်။ နှလုံးခုန်နှုန်းမမှန်တာ ၊ သွေးဖိအားတိုးတာတွေက လိင်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တဲ့အတွက် တက်နိုင်သလောက်စိတ်ဖိစီးမှုတွေကို လျော့ချဖို့ လိုပါတယ်။

(၃) ဆေးလိပ်နဲ့ အရက်ဖြတ်ပါ

Photo : WOWBiz

ဆေးလိပ်နဲ့ အရက်အလွန်အကျွံမှီဝဲခြင်းဟာ လိင်မှုစွမ်းရည်ကျဆင်းစေတဲ့ အဓိကတရားခံတွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အရက်ကို အကန့် အသတ်မရှိ အလွန်အကျွံသောက်သုံးမယ်ဆိုရင် ပန်းသေပန်းညိုးခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်နဲ့ အရက်ဖြတ်တာဟာ လိင်မှုစွမ်းရည်ကို တိုးတက်လာစေမယ့် ပထမအဆင့်တစ်ခုလို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့ လိင်မှုစွမ်းရည်ကောင်း မွန်ချင်တယ်ဆိုရင် ဆေးလိပ်နဲ့ အရက်ကို သေချာပေါက်ဖြတ်ဖို့လိုပြီး ကျန်းမာတဲ့အလေ့အကျင့်တွေဖြစ်တဲ့ ကိုယ်အလေးချိန်ထိန်းညှိခြင်း ၊ လေ့ကျင့် ခန်းပုံမှန်လုပ်ခြင်း ၊ ကျန်းမာရေးနဲ့ အညီစားသုံးခြင်း စတဲ့အချက်တွေကို လုပ်ဆောင်ပေးဖို့လိုပါတယ်။

(၄) သင့်ပါတနာကို အာရုံစိုက်ပါ

Photo : Tasteful Space

လိင်မှုကိစ္စဆိုတာ တစ်လမ်းမောင်း မဟုတ်ဘူးဆိုတာတော့ နားလည်ထားဖို့လိုပါတယ်။ ကိုယ့်ဆန္ဒတစ်ခုတည်းကိုမကြည့်ပဲနဲ့ ကိုယ့်လက်တွဲဖော်ရဲ့ စိတ်ဆန္ဒကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။ လိင်မှုကိစ္စမှာတစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးမှုရှိပြီး အပေးအယူမျှနေခြင်းဟာလည်း အိပ်ရာထက်မှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ချစ်ပွဲဝင်နိုင်ဖို့ အထောက်အကူများစွာ ဖြစ်စေပါတယ်။

Featured Photo : Tasteful Space