အဖြူရောင် Sneaker တွေဟာ ဖက်ရှင်တော်တော်များများနှင့်လိုက်ဖက်မှုရှိစေတဲ့ ဖိနပ်အမျိုးအစားဖြစ်ပါတယ်။ အဝတ်အစားအရောင်တွေတော်တော်များများနဲ့လိုက်ဖက်ရှိပြီး လူငယ်ဆန်ဆန်ပဲဝတ်မလား စမတ်ကျတဲ့ Gentleman စတိုင်နဲ့ပဲ ရှိုးထုတ်မလား မိမိကြိုက်နှစ်သက်သလို ဖက်ရှင်စတိုင်ကိုအပြောင်းအလဲလုပ်ပြီးဝတ်ဆင်နိုင်တဲ့အတွက် လူတိုင်းလိုလိုအနည်းဆုံး တစ်ရံတော့ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒီနေ့မှာတော့ကိုယ်မှာရှိတဲ့ Sneaker အဖြူလေးနဲ့ ခပ်မိုက်မိုက်ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် လိုက်ဖက်မှုအရှိဆုံးဖက်ရှင် စတိုင်လေးတွေကိုပြောပြပေး ချင်ပါတယ်။

(၁) ဘောင်းဘီအတို

Source : Pinterest

ဘောင်းဘီအတိုနဲ့ အလန်းဇယားရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် အဖြူရောင် Sneaker ကလိုက်ဖက်မှုအရှိဆုံးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ဘောင်ဘီအတိုနဲ့ Sneaker အဖြူကလူငယ်ဆန်တဲ့အသွင်ကိုဆောင်စေပြီး သက်တောင့်သက်သာရှိစေပါတယ်။အပေါ်က ရိုးရှင်တဲ့တီရှပ်ဒီဇိုင်းလေးတွေ ဒါမှမဟုတ် ပြောင်တီရှပ်လက်တိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် တကယ်ကိုကြည့်ကောင်းပြီး စတိုင်ကျနေစေမှာသေချာပါတယ်။

(၂) အနက်ရောင်ဂျင်းဘောင်းဘီ

Source : Pinterest

အဖြူနဲ့အမဲ ကာလာဖက်ရှင်စတိုင်တွေကတော့ ဘယ်လောက် ပဲခေတ်တွေပြောင်းလဲနေပါစေ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ လိုက်ပါစီးမြောနေဆဲဖြစ်တဲ့ လိုက်ဖက်ညီစုံတွဲတစ်တွဲဖြစ်ပါတယ်။ထသွားထလာပဲဖြစ်ဖြစ် ပွဲတက်ဖက်ရှင်အဖြစ်နဲ့ပဲဖြစ်ဖြစ် ဝတ်ဆင်နိုင်ပြီး အချိန်ရာသီမရွေးသင့်တော်ပါတယ်။ဒါကြောင့် အနက်ရောင် ဂျင်းဘောင်းဘီအတွက် Sneaker အဖြူကလည်းရွေးချယ်ဝင်ဆင်သင့်တဲ့ ဖက်ရှင်အတွဲစပ်တစ်ခုဖြစ်ပါတယ်။

(၃) Chino ဘောင်းဘီ

Source : Pinterest

Chino ဘောင်းဘီတွေဟာ ယောကျာ်းလေးအများစုကြိုက်ကြတဲ့ဘောင်းဘီအမျိုးအစားဖြစ်ပြီး ဝတ်ထားတဲ့သူအဖို့လည်း ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုကိုအပြည့်အဝခံစားရစေပါတယ်။ အဖြူရောင် Sneaker တွေနဲ့ Choino ဘောင်းဘီဟာလည်း လိုက်ဖက်အရှိဆုံး တွဲဖက်ဝတ်ဆင်စရာဖက်ရှင်တစ်ခုဖြစ်ပြီး နက်ပြာရောင် ကာကီရောင် ကြက်သွေးရောင် ခဲရောင် စစ်စိမ်းရောင်စသည်ဖြင့် အရောင်တော်တော်များများနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

(၄) Suit

Source : Pinterest

ခန့်ခန်ညားညားနဲ့ စတိုင်ကျချင်သူတွေအတွက်တော့ အဖြူရောင် Sneaker ကို Suit နဲ့သာတွဲဖက်ဝတ်ဆင်လိုက်ပါ။Suit တွေ နဲ့ Sneaker အဖြူ တွဲဖက်ဝင်ထားတဲ့ ဖက်ရှင်စတိုင်ဟာ ခေတ်ဆန်တဲ့ ဖက်ရှင်အရသာမျိုးကိုပေးစွမ်းပြီး ဝတ်ရသူအတွက်လည်း ယုံကြည်မှုရှိရှိစေပါတယ်။Suit တွေကိုလူငယ်ဆန်ပြီး စမတ်ကျကျဝတ်ဆင်ချင်တယ်ဆိုရင်တော့ အဖြူရောင် Sneaker လေးတစ်ရံသာအမြန်ဆုံးပြေးဝယ်ထားလိုက်ပါ။