အောင်မြင်တဲ့လူတွေဆိုတာ စိတ်ဖိစီးမှုအများဆုံးပုဂ္ဂိုလ်တွေပါပဲ။ စိတ်ဖိစီးမှုကြုံတာချင်းအတူတူ ဒါကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူဟာ ဘဝပြဿနာတွေကို ပိုပြီးကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပြီး အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဘဝမှာ ထိပ်တန်းရောက်အောင်မြင်သူတွေဟာ သူတို့နေ့စဉ်ကြုံနေရတဲ့ စိတ်ဖိစီးမှုပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပြီး အောင်မြင်တဲ့ဘဝကို တက်လှမ်းသွားတာပါ။ ဒီတော့ အောင်မြင်သူတွေရဲ့Stress ကိုင်တွယ်တဲ့နည်းတွေကို သိထားဖို့ လိုပါတယ်။

(၁) အသက်ပြင်းပြင်းရှုတယ်

man resting

Photo: Unsplash

ထိပ်တန်းရောက်အောင်မြင်သူတွေဟာ စိတ်ပင်ပန်းစရာတွေ ကြုံလာရင် အသက်ပြင်းပြင်းရှုဖို့ သတိရကြပါတယ်။ အသက်ပြင်းပြင်းရှုသွင်းခြင်းဟာ Fight or Flight လို့ ခေါ်တဲ့ တိုက်မလား/ပြေးမလားဆိုတဲ့ တုံ့ပြန်လိုစိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အသက်ရှုခြင်းအားဖြင့် ဇီဝကမ္မဆိုင်ရာ ကောင်းကျိုးတွေလည်း ပေးပါတယ်။ ၁၀ စက္ကန့်လောက် အသက်ပြင်းပြင်းရှုလိုက်တာနဲ့ အာရုံစိုက်နိုင်စွမ်းပိုတက်လာသလို စိတ်ဖိစီးမှုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။

(၂) တရားမှတ်တာ လုပ်တယ်

Meditation

Photo: Unsplash

သတိနဲ့ကိုယ်မှာ စိတ်မှာ ဖြစ်နေတဲ့ အခြင်းအရာတွေကို ရှုမှတ်တာကို တရားထိုင်တယ်လို့ ဆိုတာပါ။ သတိပဌာန်နည်းနဲ့ တရားထိုင်တာဟာ လက်ရှိပစ္စုပ္ပန်စိတ်ခံစားမှု ၊ ကိုယ်ခံစားမှုတွေကို ဖြစ်တိုင်း သိသိပေးနေတာ ဖြစ်လို့ သတိရှိလာစေပြီး စိတ်ပူပန်မှုကင်းဝေးစေတာပါ။ အောင်မြင်မှုရနေတဲ့လူတွေဟာ နေ့စဉ်အချိန်တစ်ခု ထားပြီး တရားရှုမှတ်မှု လုပ်လေ့ရှိပါတယ်။

(၃) အကောင်းမြင်မှုကို အာရုံပြုတယ်

flare

Photo: Unsplash

ပြဿနာနဲ့ စိတ်ဖိစီးစရာတွေကြုံလာချိန်မှာ ဒီပြဿနာတွေနဲ့အတူ တွေ့လာတဲ့ မျှော်လင့်ချက် ၊ လမ်းစနဲ့ အခွင့်အလမ်းတွေကိုလည်း ကြည့်တတ်ဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုဆိုတာ ကိုယ့်ဘဝကို ပိုပြီး တိုးတက်စေမယ့်အရာဆိုတာ သိရရင် စိတ်ဖိစီးမှုကို ရှောင်မပြေးဘဲ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်လိုတဲ့စိတ် ဖြစ်လာမှာပါ။ ဒါကြောင့် အကောင်းဘက်ကနေ စိတ်ဖိစီးမှုကို ကြည့်တတ်အောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။

(၄) အကန့်ထားတယ်

man smile

Photo: Unsplash

အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ရင် သူတို့ဘဝကို အကန့်ကန့် ၊ အပိုင်းပိုင်း ခွဲခွဲပြီး ထားတတ်တဲ့ အကျင့်ရှိတာ တွေ့ရမှာပါ။ ပုံမှန်လူတွေအနေနဲ့ နေ့စဉ်ဘဝမှာ လုပ်ဖို့ အခက်ဆုံးအရာတစ်ခုက စိတ်ဖိစီးစရာတွေကို နေရာတိုင်း သယ်မသွားဖို့ ၊ စိတ်ဖိစီးမှုနဲ့ ကိုယ့်လူမှုဘဝကို ခွဲထားဖို့လိုပါတယ်။ စိတ်ကို ဟန်ချက်မျှအောင် ထားတတ်လေလေ စိတ်ဖိစီးမှုက သက်သာရာရလေလေပါပဲ။

(၅) အစားအသောက်ဆင်ခြင်တယ်

Diet

Photo: Unsplash

အစားအသောက်ကလည်း လူရဲ့ စိတ်ပေါ် သက်ရောက်မှုရှိတာပါပဲ။ ကိုယ်စားလိုက်တဲ့ အစားအသောက်ဟာ စိတ်ကျန်းမာရေး အားပေးတဲ့ အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ဖြစ်ဖို့တော့ လိုပါတယ်။ အောင်မြင်နေတ့လူတွေဟာ ပရိုတိန်းမြင့်တဲ့ အစားအသောက်တွေ စားတယ် ၊ ကဖိန်းနဲ့ သကြားစားသုံးမှု စည်းကမ်းထားတယ်။ ရေများများသောက်ပြီး အသီးအရွက်လတ်လတ်ဆတ်ဆတ်တွေ စားတဲ့အကျင့် ရှိပါတယ်။