စာဖတ်သူဟာ တနင်္လာနေ့ ကို ရင်ဆိုင်ဖို့ခက်ခဲနေတက်သူတစ်ယောက်လား ဒါမှမဟုတ် တနင်္လာနေ့တိုင်းကို မနှစ်သက်သူတစ်ယောက်လား။ ဒါဟာစာဖတ်သူတစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းနီးပါးဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုလို့ဆိုရပါမယ်။

လူအများစုဟာ စနေတနင်္ဂနွေနေ့တွေလို အားလပ်ရက်တွေဖြတ်သန်းပြီးတဲ့နောက် တနင်္လာနေ့ ရောက်တိုင်း အားမရှိသလို ပျင်းရိသလို အလုပ်သွားဖို့ စိတ်မပါသလိုစသည့်ဖြင့် Monday Blues လို့ဆိုတဲ့ ငြီးငွေ့ဖွယ်ခံစားချက်တွေဖြစ်လေ့ရှိကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးစာဖတ်ပရိသတ်တွေအတွက် တနင်္လာနေ့တိုင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ အောင်မြင်သူတွေကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်ကောင်းလေးတွေကို မျှဝေပေးဖို့ ရွေးချယ်ထားပါတယ်။

(၁) အိပ်ယာစောစောထကြတယ်

Source : Knowing Everything

အောင်မြင်သူတွေဟာ တနင်္လာနေ့ကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ မနက်ခင်းမှာ အိပ်ယာစောစောထပြီး ပြင်ဆင်လေ့ရှိကြပါတယ်။ အိပ်ယာစောစောထခြင်းဖြင့် စိတ်ကိုလန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေအားလုံးအတွက် လုံလောက်တဲ့ပြင်ဆင်ချိန်ကိုရရှိပါတယ်။ အလုပ်နောက်ကျတာမျိုး အိမ်မှုကိစ္စတွေအတွက် အချိန်မလုံလောက်တာမျိုးတွေမရှိပဲ စိတ်လက်ပေါ့ပါးစွာနဲ့ တစ်နေ့တာလုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ အိပ်ယာစောစောထခြင်းနဲ့ စတင်ကြတာဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ကြတယ်

Source : Medium

အောင်မြင်သူတွေဟာ တနင်္လာနေ့မနက်တိုင်းမှာ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်းကို မဖြစ်မနေလုပ်ဆောင်လေ့ရှိကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်တာကြောင့် တနင်္လာနေ့မနက် အိပ်ယာကနိုးလာတဲ့အချိန်မှာ လမ်းလျောက်ခြင်း အပြေးလေ့ကျင့်ခြင်း စက်ဘီးနင်းခြင်းစသည်ဖြင့် လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ဆောင်လေ့ရှိကြပါတယ်။ ဒီလိုအပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လတ်ဆတ်တဲ့လေ မနက်ခင်းနေရောင်ခြည် နှင့် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ရတာကြောင့် စိတ်လက်ပေါ့ပါးလန်းဆန်းကာ တစ်နေ့တာအတွက်လုံလောက်တဲ့ စွမ်းအင်ထောက်ပံ့မှုတွေကိုရရှိကြတာဖြစ်ပါတယ်။

(၃) မနက်စာကောင်းကောင်းစားကြတယ်

Source : Envato Elements

မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်ရုံမျှနဲ့ လုံလောက်တဲ့ မနက်စာစားသုံးတယ်လို့ ဆိုလို့မရပါဘူး။ အောင်မြင်သူတွေဟာ တနင်္လာနေ့မနက်တိုင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာကိုစားသုံးပြီးမှ အလုပ်သွားလေ့ရှိကြပါတယ်။ ကျန်းမာပြီး အာဟာရပြည့်ဝတဲ့မနက်စာက ခန္ဓာကိုယ်အတွက် energy ကိုပေးစွမ်းပြီး တစ်နေ့တာလုံးအတွက် စိတ်နဲ့ ခန္ဓာကိုယ်ကိုအဆင်သင့်ဖြစ်စေပါတယ်။ ဒါကြောင့်အောင်မြင်သူတွေဟာ မနက်ခင်းမှာ မနက်စာအတွက်အချိန်ပေးပြီး အာဟာရပြည့်ဝတဲ့ မနက်စာကို အရသာရှိရှိစားသုံးလေ့ရှိကြတာဖြစ်ပါတယ်။

(၄) ကြီးမားတဲ့ဆုံးဖြတ်ချက်ချမှုတွေကိုရှောင်ကြတယ်

Source : Dreamstime

အောင်မြင်သူတွေဟာ တနင်္လာနေ့လိုနေ့တွေမှာ ကြီးကြီးမားမားဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ကြပါတယ်။ မှတ်သားဖွယ်ရာရှေးစကားအဆိုတစ်ခုအရလည်း ” ယာယီဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအပေါ်လိုက်ပြီး ဆုံးဖြတ်ချက်ကြီးကြီးမားမားမချပါနဲ့” လို့သတိပေးထားပါတယ်။ တနင်္လာနေ့မှာ လူတွေရဲ့ စိတ်ခံစားချက်တွေက သာမာန်မဟုတ်ပဲ စိတ်ရှုပ်ထွေးနေတာ စိတ်ဖိစီးနေတာမျိုး စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေရှိနေတက်တာကြောင့် ဒီလိုအချိန်မှာ ကြီးမားတဲ့ဆုံးဖြတ်ချက်ချမှုတွေ ပြုလုပ်တဲ့အခါ အမှားတွေဖြစ်သွားနိုင်တဲ့ ရာခိုင်နှုန်းက ပိုများပါတယ်။ ဒါကြောင့် အောင်မြင်သူတွေဟာ တနင်္လာနေ့လိုနေ့တွေမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်ချမှုတွေကိုရှောင်ကြတာဖြစ်ပါတယ်။

(၅) လှုပ်လှုပ်ရှားရှားနေကြတယ်

Source : Boca Raton Tribune

အောင်မြင်သူတွေဟာ တနင်္လာနေ့ရောက်တိုင်း သူတို့ရဲ့ ခန္ဓာကိုယ်ကို သာမာန်နေ့တွေထက် လှုပ်လှုပ်ရှားရှားဖြစ်အောင်ပိုလုပ်တက်ကြပါတယ်။ တစ်ယောက်တည်း ထိုင်ခုံပေါ်မှာထိုင်ရာကနေမထ ကိုယ်နေရာကနေဘယ်မှမသွား လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားမပြောပဲ နေတာမျိုး လုံးဝမလုပ်ကြပါဘူး။ ဘာကြောင့်ဆိုရင် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေတဲ့အခါ ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်စီးဆင်းမှုပိုကောင်းစေပြီး လန်းဆန်းတက်ကြွစေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ရုံးရောက်တဲ့အခါ ရုံးခန်းအတွင်းမှာဘဲ လမ်းလျောက်တာမျိုး လုပ်ဖော်ကိုင်ဖက်တွေကို အွန်လိုင်းပေါ် သို့ အီးမေလ်ကနေ စကားပြောတာထက် လူကိုယ်တိုင်သွားရောက်စကားပြောတာမျိုး နောက်ဆုံးဖုန်းပြောရင်တောင် မတ်တပ်ရပ်ပြီး သို့ အနည်းလမ်း လမ်းလျောက်ပြီးဖုန်းပြောတာမျိုးပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေကြတာဖြစ်ပါတယ်။