ယမကာနဲ့ လိင်မှုစွမ်းဆောင်ရည်အကြားမှာ ဆက်စပ်မှုတွေ ရှိပါတယ်။ ကောင်းတဲ့ဆက်စပ်မှုတော့ မဟုတ်ပါဘူး။ အတော်အသင့်လောက် သောက်ခြင်းဟာ အိပ်ရာပေါ်မှာ ခံစားမှုကို ပိုနှိုးဆွနိုင် စွမ်းဆောင်နိုင်ပေမယ့် ယမကာအသောက်များခြင်းဟာ ရေရှည်မှာ လိင်မှုစွမ်းရည်နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အရက်က လိင်မှုကျန်းမာရေးပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) လိင်တံမထောင်မတ်နိုင်ဖြစ်လာတယ်

banana

Photo: Unsplash

အရက်အသောက်များသူတွေမှာ Whiskey Dick ဆိုတဲ့ လိင်တံ ကောင်းကောင်း မထောင်မတ်နိုင်တဲ့ပြဿနာ ဖြစ်တတ်ပါတယ်။ အရပ်အခေါ် ပန်းမလန်းဘူးလို့ ဆိုကြပါတယ်။ အရက်ဟာ ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို အချက်ပြတဲ့ အာရုံခံ Sensor တွေကို နှောင့်ယှက်ရာကနေ လိင်တံထဲ သွေးရောက်မှု ကျဆင်းသွားပြီး လိင်တံ မထောင်မတ်နိုင်ဖြစ်တာပါ။ ဒါက ယာယီဖြစ်တတ်တဲ့ ပြဿနာဖြစ်တတ်ပြီး အရက်ဆေးလိပ် ဖြတ်ပြီး ကျန်းမာရေးလိုက်စားလိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။

(၂) သုတ်လွှတ်မှု ပုံစံမမှန်တော့ဘူး

Couple in bed

Photo: Unsplash

နောက်ထပ်ပြဿနာတစ်ခုက အရက်သောက်ခြင်းဟာ ဦးနှောက်ကနေ လိင်အင်္ဂါတွေကို ပေးပို့တဲ့အချက်ပြတွေကို နှောင့်ယှက်ဟန့်တားပါတယ်။ ဒီအနှောင့်အယှက်တွေကြောင့် လိင်အင်္ဂါထောင်မတ်သန်စွမ်းမှု ခက်လာပြီး သုတ်လွှတ်လည်း မြန်သွားတတ်ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ သုတ်စောလွှတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဝိုင်လိုမျိုး အယ်လ်ကိုဟောတွေဟာ လိင်စိတ်ကြွစေတယ်ဆိုပေမယ့် သတိနဲ့ ချင့်ချိန်သောက်သုံးဖို့ပဲ အကြံပြုချင်ပါတယ်။

(၃) STD/STI ဖြစ်နိုင်မှု ပိုများတယ်

Safe Sex Banana

Photo: Unsplash

အရက်က သင့်စိတ်နဲ့ကိုယ် ထိန်းချုပ်မှုကို ကင်းလွတ်သွားစေနိုင်ပါတယ်။ အရက်အသောက်များလာပြီဆိုရင် အိပ်ရာထဲမှာ အမှားတွေ လုပ်နိုင်ခြေ ပိုများလာပါတယ်။ အရက်သောက်ပြီး လိင်ဆက်ဆံချိန်မှာ လိင်ဆက်ဆံမှုကြောင့်ဖြစ်တတ်တဲ့ ကူးစက်မှုတွေ ၊ ရောဂါနဲ့ ထိခိုက်မှုတွေကို ကာကွယ်ဖို့ ဆင်ခြင်နိုင်စွမ်းနဲ့ အပြည့်အဝကာကွယ်နိုင်စွမ်းတွေ ကျဆင်းသွားတတ်ပါတယ်။

(၄) တက်စတိုစတီရုန်း ကျလာမယ်

Couple Issues

Photo: Unsplash

ရေရှည်အရက်စွဲသောက်ခြင်းဟာ တစ်နည်းမဟုတ်တစ်နည်း ကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ အရက်သောက်ခြင်းကြောင့် ကျားလိင်မှုစိတ်ကို လှုံ့ဆော်နိုင်တဲ့ တက်စတိုစတီးရုန်း Levels တွေ ကျဆင်းရုံတင်မကဘဲ အသည်း ၊ နှလုံးကျန်းမာရေးနဲ့ သွေးဖိအားပေါ် ပြဿနာရှိတတ်ကြပါတယ်။ တက်စတိုစတီးရုန်း Levels ကျဆင်းလာခြင်းက လိင်ဆန္ဒ Libido ကျဆင်းစေသလို သုတ်ပိုးအရေအတွက်နဲ့ မျိုးအောင်နိုင်စွမ်းပါ ထိခိုက်နိုင်ခြေရှိပါတယ်။

Featured Photo: verywellmind