လူတိုင်းကတော့ ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို အမြဲတမ်း နှုတ်ကနေ ဖွင့်ပြောဖို့ လွယ်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေမှာ ခံစားချက်ကို ဖုံးကွယ်ထားရတဲ့ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်တွေလည်း ရှိ‌သေးတယ်မလား။ တကယ်တော့ ချစ်တဲ့အကြောင်းကို စကားလုံး မသုံးဘဲလည်း အခုပြောမယ့် နည်းလမ်းတွေနဲ့ ဖော်ပြလို့ ရပါတယ်။

(၁) နီးနီးကပ်ကပ် နေပြခြင်း

Photo: Freepik

ဂရုစိုက်ကြောင်းကို စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ လုပ်နိုင်တဲ့ နည်းတွေ အများကြီးပါ။ ဒီထဲကမှ ကောင်မလေးရဲ့ လက်ကလေး တွဲပေးထားတာ ၊ အတူတူ နီးနီးလေး ကပ်ပြီး လမ်းလျှောက်တာ/ထိုင်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရင်းရင်းနှီးနှီးနေပြတာမျိုးကလည်း ချစ်ကြောင်း ပြောနေတာပါပဲ။

(၂) ချစ်ခြင်းအဓိပ္ပါယ်ပါတဲ့ လက်ဆောင်ပေးခြင်း

Photo: Unsplash

လက်ဆောင်ပေးတာဟာ ချစ်ကြည်ကြောင်း အမှတ်လက္ခဏာအဖြစ် ရာစုနှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်လာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အခုခေတ်မှာလည်း ဒီနည်းလမ်းက အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ သင်ချစ်တဲ့ မိန်းကလေးအတွက် ကဗျာတိုလေးတွေ ၊ ပို့စကတ်လေးတွေ ၊ သူမနှစ်သက်မယ့် လက်ဆောင်လေးတွေ ပေးတာကလည်း ချစ်ခြင်းကို ညွှန်းဆိုနေတာပဲ ဖြစ်ပါတယ်။

(၃) စိတ်အားထက်သန်စွာ နားထောင်ခြင်း

Photo: Pexels

တကယ်အလေးအနက် ထားပြီး နားလည်ကြောင်း ပြသရာမှာ သူ့စကားကို ဂရုတစိုက် နားထောင်ပေးတာလည်း ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့ ပြောစကားကို သေသေချာချာ နားထောင်ပေးတာဟာ သူ့ကို စိတ်ဝင်စားကြောင်း ပြသရာ ရောက်သလို တန်ဖိုးထားကြောင်းလည်း ဖော်ပြနေတာ ဖြစ်ပါတယ်။

(၄) သူမအကြောင်း အသေးစိတ် မှတ်မိနေခြင်း

Photo: Pexels

တကယ်က လူတစ်ယောက်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်လေးတွေကို အသေးစိတ် မှတ်မိနေခြင်းဟာ သူ့အပေါ် တကယ်အာရုံထားပြီး ဂရုပြုလို့ ဖြစ်ပါတယ်။ အမှတ်တရတွေ ၊ ပြောခဲ့တဲ့စကားနဲ့ ဖြတ်သန်းခဲ့တဲ့ နေ့စွဲတွေကို ပြန်မှတ်မိပြီး အဲဒီအချိန်တွေတုန်းက အကြောင်းတွေ အလျင်းသင့်လို့ ပြန်ပြောပြခြင်းဟာ ချစ်တယ်လို့ ပြောလိုက်တာထက် တာသွားပါတယ်။