ကိုယ်လက်လှုပ်ရှား အားကစားဟာ ဆေးတစ်ပါးပါပဲ။ လှုပ်လှုပ်ရှားရှား နေထိုင်သူဟာ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိတဲ့သူတွေထက်စာရင် ပိုပြီး ပေါ့ပါးသွက်လက်တယ် ၊ နေလို့ထိုင်လို့ ကောင်းတယ်ဆိုတာ အတော်များများ သိကြပါတယ်။ ပုံမှန် Exercises လုပ်တဲ့သူတွေဟာ ဘာကြောင့် စိတ်အခြေအနေ Mood ပိုကောင်းပြီး ကိုယ်တွင်းစွမ်းအင်ပိုပြီး မြင့်မားတာလဲဆိုတာနဲ့ ပတ်သက်လို့ ပြောပြချင်ပါတယ်။

(၁) စိတ်ဓါတ်ကျဆင်းမှု လျော့ပါးစေတယ်

fitness-man-worming-up-gym

Photo; Freepik

သိပ်မပြင်းထန်လှတဲ့ လေ့ကျင့်ခန်းတွေ တစ်ပတ် တစ်နာရီလောက် လုပ်ရုံတဲ့တင် စိတ်ဓါတ်ကျဆင်းမှုကို အဖြစ်နည်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ စိတ်ဖိစီးမှုတွေ ကြုံလာလည်း သူများတွေထက် ခံနိုင်ရည်ပိုရှိပါတယ်။ သိပ်မပြင်းထန်တဲ့ Moderate Exercises တွေထဲမှာ အကောင်းဆုံးက ပြေးတာပါပဲ။ အပြေးလေ့ကျင့်ခန်းဟာ စိတ်ဓါတ်ကျဆင်းမှု တိုက်ဖျက်ပေးတဲ့ ဆေးတွေလိုပဲ အစွမ်းထက်ပါတယ်။

(၂) အိပ်စက်မှု ပိုကောင်းစေတယ်

couple-sleeping-bed-bedroom

Photo; Freepik

Sleep Quality ကောင်းရင်လည်း တော်ရုံစိတ်ညစ်တာမျိုး မရှိဘဲ Mood ကောင်းစေပါတယ်။ တကယ်တော့ အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို သူ့ဘာသာ ပြန်ကောင်းအောင် ပြင်ဖို့ အချိန်ပေးလိုက်တာပါပဲ။ အားကစားလုပ်တဲ့သူတွေဟာ အိပ်ချိန်မှန်ပြီး အိပ်ရေးပိုဝပါတယ်။ အိပ်လို့လည်း ပိုကောင်းပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတက်စေတယ်

young-healthy-man-athlete-doing-exercises-pull-ups-gym

Photo; Freepik

အားကစားလုပ်ထားတော့ ကိုယ့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီတက်တာ နည်းလို့ ရုပ်ပိုင်းအရ စိတ်ကျေနပ်မှု ရစေပါတယ်။ ပုံမှန်အားကစားလုပ်သူတွေဟာ စိတ်လည်းရွှင်လန်း ၊ ရုပ်ရည်လည်း အဆစ်အပေါက် ပြေပြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ အားကစားမလုပ်သူတွေထက် ပိုပြီး ယုံကြည်မှုရှိပါတယ်။

(၄) အားအင်အပြည့်ရှိနေတယ်

young-man-sportswear-exercise-class-gym

Photo; Freepik

အားကစားလုပ်သူတွေဟာ Energy မြင့်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်ထားတာ ဖြစ်လို့ အထိုင်အထများပြီး ကိုယ်လက်ကျန်းမာရေး မလိုက်စားသူတွေထက် အများကြီး အားအင်ပြည့်ဝ သွက်လက်ပေါ့ပါးနေတတ်ပါတယ်။

(၅) မှတ်ဉာဏ်နဲ့ အာရုံစိုက်မှု ပိုကောင်းတယ်

young-ordinary-man-go-sport-home-hardworking-freshman-sit-mat-abs-excercise-easy-start-workout-alone-apatment-beginner-action-sport-equipment-floor

Photo; Freepik

ပုံမှန်အားကစားလုပ်တာကြောင့် ထွက်လာတဲ့ Endorphinsဟော်မုန်းတွေက စိတ်ခံစားမှုတင် ပိုကောင်းစေတာ မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ မှတ်သိစိတ်ကိုလည်း ရေရှည် ပိုတိုးတက်ကောင်းမွန်စေပါတယ်။ ရေတိုရေရှည် မှတ်ဉာဏ်ကိုလည်း ပိုတိုးတက်စေလို့ စိတ်ပိုင်းဆိုင်ရာ ပိုထက်မြက်လာတတ်ပါတယ်။ ဒီတော့ ဦးနှောက်စွမ်းရည် ပိုကောင်းချင်ရင် ပုံမှန်အားကစားလုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။