ကမ္ဘာပေါ်ကအောင်မြင်နေသူအများစုရဲ့ အားလပ်ချိန် ဖြတ်သန်းပုံတွေက တကယ်ကိုအားကျအတုယူဖွယ် ကောင်းလှပါတယ်။အောင်မြင်နေသူတွေအဖို့ အားလပ်ချိန်ဆိုတာ ရွှေထက်မက အဖိုးတန်လှတဲ့အရာတစ်ခုပါ။ဒီလိုအဖိုးတန်လှတဲ့ အားလပ်ချိန်တွေကို သူတို့ဘယ်လိုအကျိုးရှိရှိဖြတ်သန်းလဲဆိုတာ လေ့လာကြည့်လိုက်ပါအုန်း။

(၁) လေ့ကျင့်ခန်းလုပ်တယ်

Source : Shutterstock

အောင်မြင်နေသူတွေရဲ့ အားလပ်ချိန်တစ်ချို့တစ်ဝက်က လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ကုန်ဆုံးကြတာများပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါကျန်းမာသန်စွမ်းမှုတွေကိုပေးစွမ်းပါတယ် ။အလုပ်ခွင်နဲ့ပတ်သတ်ပြီးလည်း စိတ်ဖိစီးမှုတွေလျော့ ကျစေပြီး ပိုကောင်းတဲ့အတွေးအခေါ်အသစ်တွေ အကြံဉာဏ်ကောင်းတွေကို ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းကနေတဆင့် ရရှိနိုင်တာကြောင့် အားလပ်ချိန်တွေထဲက ၁ နာရီလောက်ကို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ကြတာဖြစ်ပါတယ်။

(၂) စာအုပ်ဖတ်တယ်

Source : Sciencing

စာဖတ်ခြင်းဆိုတာ ဘဝအတွက်ရေရှည်ရင်းနှီးမြုပ်နှံမှု တစ်ခုလို့ဆိုနိုင်တာကြောင့် အောင်မြင်နေသူတွေအဖို့ စာဖတ်ခြင်းဟာ ရပ်တန့်လို့မရနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ စာအုပ်တွေကနေ အသိပညာဗဟုသုတတွေ အတွေးအခေါ်အသစ်တွေ ပြဿနာဖြေရှင်းပုံတွေ ခွန်အားတွေ အများကြီးရစေတာကြောင့် အောင်မြင်သူတွေရဲ့ အားလပ်ချိန်ဟာစာအုပ်ဖတ်ခြင်းကိုပြုလုပ်ကြရုံသာမက နေ့စဉ်ဘဝမှာလည်း စာအုပ်တွေနဲ့ အမြဲတမ်း ရင်းနှီးကျွမ်းဝင်မှုရှိနေတာဖြစ်ပါတယ်။

(၃) ဝါသနာပါတာလုပ်တယ်

Source : Shutterstock

အလုပ်မှအလုပ်ထိုင်အော်နေကြတဲ့သူတွေအတွက်အောင်မြင်ဖို့က ခက်ခဲပါတယ်။နေ့စဉ်ခေါင်းမီးခိုးထွက်သည်အထိ အလုပ်မှအလုပ်ဆက်တိုက်လုပ်နေခြင်းဟာ စိတ်ဖိစီးမှုများစေသလို မျော်မှန်းထားတဲ့အောင်မြင်မှုရဖို့လည်း ခက်ခဲမှာသေချာပါတယ်။အောင်မြင်သူတွေကတော့ အလုပ်ချိန်မှာအလုပ်ကိုအပြည့်အဝအာရုံစိုက်သလို အားလပ်ချိန်မှာလည်း ကိုယ်ဝါသနာပါတဲ့အရာတွေကို အပြည့်အဝလုပ်ဆောင်ခြင်းဖြင့် အလုပ်နဲ့ ဘဝကိုအချိုးကျကျဖြတ်သန်းကြပါတယ်။ကိုယ်ဝါသနာပါတဲ့အရာတွေကို အားလပ်ချိန်မှာလုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်မှာဖြစ်သလို လုပ်ငန်းခွင်စွမ်းဆောင်နိုင်စွမ်းကိုလည်းတိုးတက်စေပါတယ်။

(၄) ပရဟိတလုပ်တယ်

Source : lemuria light

အောင်မြင်နေသူအများစုဟာ လူတွေကိုအကျိုးပြုတဲ့ လုပ်ငန်းတွေအတွက်လည်း အချိန်ပေးဖြစ်ကြပါတယ်။ အားတဲ့အချိန်မှာအားသလို ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ပြီး တန်ဖိုးရှိစွာအချိန်တွေကိုဖြတ်သန်းကြတာဖြစ်ပါတယ်။ကမ္ဘာအရပ်ရပ်က အောင်မြင်ကျော်ကြားသူတွေ အနုပညာရှင်တွေအများစုဆိုရင်လည်း ကိုယ်ပိုင်ပရဟိတအဖွဲ့စည်းတွေထောင်ခြင်း ဆေးရုံတွေဆောက်လုပ်လှူဒါန်းခြင်း အိမ်ယာမဲ့တွေအတွက်ဂေဟာတွေဆောက်လုပ်ပေးခြင်း စတဲ့ မွန်မြတ်လှတဲ့ အလှူဒါနပြုမှုတွေနဲ့ အားလပ်ရှိတွေကို ဖြတ်သန်းလေ့ရှိကြတာဖြစ်ပါတယ်။

(၅) မိသားစုနဲ့ ချစ်ရသူတွေကိုအချိန်ပေးတယ်

Source : HCCRI

အောင်မြင်သူတွေအဖို့ ဘယ်လောက်ပဲအလုပ်များနေပါစေ မိသားစုနဲ့ ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေကို လျစ်လျူရှု့လေ့မရှိကြပါဘူး။အားလပ်ချိန်ရောက်တိုင်း မိသားစုနဲ့ ချစ်ရတဲ့သူတွေကို အချိန်ပေးပြီး ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြပါတယ်။မိသားစုတွေ သူငယ်ချင်းအပေါင်းအသင်းတွေဆိုတာကလည်း ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်အရေးပါတဲ့ သူတွေဖြစ်တာကြောင့် အားလပ်ချိန်တွေကို အဖိုးတန်တဲ့သူတွေနဲ့ ဖြတ်သန်းကုန်ဆုံးလေ့ရှိကြတာဖြစ်ပါတယ်။