လူတိုင်းမှာ နေကာမျက်မှန်တစ်လက်တော့ ရှိနေသင့်တယ်လို့ ထင်ပါတယ်။ မျက်လုံးတွေဟာ စိတ်ပြတင်းပေါက်လို့ ပြောမယ်ဆိုရင် နေကာမျက်မှန်တွေဟာ ပြတင်းပေါက်နောက်က ခန်းဆီးစတွေလို့ ပြောနိုင်ပါတယ်။
ကိုယ့်ခံစားချက်များကို တစ်ခြားသူတွေ မသိစေချင်တဲ့အခါ နေကာမျက်မှန်တစ်လက်က အကူအညီဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နေကာမျက်မှန်တစ်လက်ရဲ့ အသုံးဝင်မှုက ဒီထက် မကပါဘူး။

(၁) မျက်နှာကို ပိုအချိုးကျစေပါတယ်

Photo: Pexels

လေ့လာမှုတွေအရ ဘယ်သူမှ တစ်ဖက်နဲ့တစ်ဖက် ခေါက်ချိုးကျတဲ့ မျက်နှာပုံစံမရှိကြဘူးလို့ ဆိုပါတယ်။ ဆွဲဆောင်မှုရှိစေတဲ့ အဓိကအချက်က အချိုးအစားကျနမှု ဖြစ်ပါတယ်။ နေကာမျက်မှန်ဟာ မျက်နှာပြင် ဘယ်ခြမ်းနဲ့ ညာခြင်းနှစ်ခုအကြား ကွဲပြားခြားနားမှုကို မသိသာအောင် ဖုံးကွယ်ပေးနိုင်ပါတယ်။

(၂) စိတ်ခံစားချက်ကို ဖုံးကွယ်နိုင်ပါတယ်

Photo: Unsplash

၁၂ ရာစုလောက်က တရုတ်မှာ တရားစီရင်တဲ့ တရားသူကြီးတွေဟာ တရားခံကို မေးမြန်းချိန်မှာ သူတို့မျက်လုံးကို သလင်းကျောက်သားနဲ့ လုပ်ထားတဲ့ မှန်ပြားတစ်မျိုး တပ်ဆင်ကြတယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ သူတို့ဟာ ဘက်မလိုက်တမ်း ဆုံးဖြတ်ဖို့ ပိုလွယ်စေတယ်လို့လည်း ပြောကြပါတယ်။

(၃) ဆွဲဆောင်မှုရှိစေတယ်

Photo: Freepik

နေကာမျက်မှန်တွေဟာ လူတစ်ယောက်ကို ပိုပြီး ထူးခြားတယ်လို့ မြင်စေနိုင်ပါတယ်။ ၁၈ ရာစုနဲ့ ၁၉ ရာစုတွေမှာ အထင်ကရဖက်ရှင်အပြောင်းအလဲတစ်ခုက အမျိုးသားဝတ် နေကာမျက်မှန်တွေ ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ နေကာမျက်မှန်ဟာ တော်ရုံတန်ရုံ ရုပ်ရည် မပြေပြစ်သူကိုတောင် ကြည့်ကောင်းလာအောင် ဆွဲဆောင်နိုင်ပါတယ်။နေကာမျက်မှန်ဟာ မျက်အိတ်ကျနေတဲ့သူတွေ ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းပေါ်နေသူတွေအတွက်လည်း သဘာဝအကာအကွယ်တစ်ခု ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုနေသူတွေ အလှမပျက်ဖို့အတွက် နေကာမျက်မှန်တစ်လက်ဟာ တကယ့်ကို အသုံးဝင်ပါလိမ့်မယ်။

(၄) နေကာမျက်မှန်တွေမှာ စွမ်းအားရှိတယ်

Photo: Pexels

နေကာမျက်မှန် ဝတ်ထားတဲ့သူကို မြင်ရရင် စိတ်ထဲမှာ ဘယ်လိုဖြစ်သွားတတ်သလဲ။နည်းနည်း ရှိန်သွားတဲ့ ခံစားချက် ဖြစ်မှာပါ။ နေကာမျက်မှန်တစ်လက်ရဲ့ နောက်ကွယ်က ကိုယ့်ကို ချောင်းမြောင်းနေတဲ့ မျက်လုံးတွေကနေ တစ်ဆင့် စိတ်ထဲမှာ အဲဒီလူရဲ့ Power တစ်ခုကို ခံစားရစေပါတယ်။

(၅) ကျန်းမာရေးအတွက် ကောင်းတယ်

Photo: Freepik

နေပူပူထဲ ထွက်မယ်ဆိုရင် ထီးဆောင်းဖို့အပြင် နေကာမျက်မှန်ပါမှ ထွက်တာ ပိုသင့်ပါတယ်။ နေကာမျက်မှန်ဟာ မျက်လုံးအေးရုံတင်မဟုတ်ဘဲ မျက်မှောင်ကျုံ့ခြင်းကင်းစေလို့ ပါးရေနားရေတွန့်တာတွေ အရွယ်မတိုင်ခင် ရုပ်ရင့်တာတွေကို ကာကွယ်ပြီး ဖြစ်စေပါတယ်။