လူအများစုကတော့ ကန်စွန်းဥစားရတာ ကြိုက်ကြမယ်ထင်ပါတယ်။ ကန်စွန်းဥက အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် အေ နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကန်စွန်းဥက အားကစားသမားတွေကြားမှာ ရေးပန်းစားတဲ့ အစားအစာတစ်မျိုးဖြစ်နေတာပါ။ ဒီနေ့ဆောင်းပါးမှာတော့ ကန်စွန်းဥစားပေးသင့်တဲ့ အကြောင်းအရင်းကို ပြောပြပေးသွားမှာပါ။
အမျှင်ဓာတ်ကြွယ်ဝတယ်

Source: MyFitnessPal Blog
ကန်စွန်းဥမှာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကန်စွန်းဥကို စားခြင်းဖြင့် မကြာခဏအစားစားချင်စိတ်ကို ထိန်းချုပ်ပေးသလို လိုအပ်တာထက် ပိုစားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ဇီဝဖြစ်စဉ်တွေ၊ အစောခြေစနစ်တွေကို မြှင့်တင်ပေးသလို ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက်ကောင်းတဲ့ ကာဗွန်ဟိုက်ဒရိုတ် ပါဝင်တယ်

Source: The Sentinel Assam
ဝိတ်ကျအောင်ကြိုးစားနေချိန်ကာလ ဖြစ်ရင်တောင် ကာဗွန်ဟိုက်ဒရိုတ်ကို လုံးဝရှောင်လို့မရပါဘူး။ ကာဗွန်ဟိုက်ဒရိုတ်က နေ့စဉ်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ကန်စွန်းဥ (၃၀၀) ဂရမ်မှာ ကာဗွန်ဟိုက်ဒရိုတ် (၅၈) ဂရမ်ပါဝင်ပါတယ်။
ရေဓာတ်ပါဝင်မှုများ

Source: Live Science
ရေဓာတ်ကုန်ခန်းတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို နှေးသွားစေနိုင်ပါတယ်။ ကန်စွန်းဥကို စားပေးတာက သင့်ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ရေဓာတ်ပြည့်လာစေပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ PH ပမာဏညီမျှအောင် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးမှာဖြစ်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ်

Source: BuitLean
ကန်စွန်းဥက အန်တီအောက်စီဒန့်များစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်မတက်အောင်လည်း သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။
