လူသားတိုင်း အသက်ရှည်ကျန်းမာစွာနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလိုကောင်းမွန်တဲ့ ဘဝမျိုးရရှိဖို့ဆိုရင်တော့ ကိုယ်နေ့စဉ်လုပ်နေကျအရာတွေ ကိုယ်အတွက်မကောင်းလည်းအသားကျနေပြီဆိုတဲ့ အရာတွေအားလုံးကိုတော့ စွန့်လွှတ်ပစ်ဖို့လိုပါမယ်။ သက်ရှည်ကျန်းမာစွာ ဘဝကိုဖြတ်သန်းနိုင်ဖို့ အခုပြောပြမယ့် အခြေခံအချက်လေးတွေကိုတော့ လိုက်နာဆောင်ရွက်ကြည့်ဖို့လိုပါမယ်နော်။

မနက်ပိုင်းလမ်းလျှောက်ပါ

Athlete running sport feet on trail healthy lifestyle fitness

Photo : Freepik

မနက်စောစောလမ်းလျှောက်ခြင်းဟာ သက်ရှည်ကျန်းမာဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ နေမြင့်မှအိပ်ယာထက်တဲ့သူတွေထက် မနက်စောစောထပြီး လမ်းလျှောက်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာပါပိုပြီး ကျန်းမာကြံ့ခိုင်တယ်လို့ ပညာရှင်တွေကဆိုပါတယ်။ မနက်စောစောလမ်းလျှောက်ရင် ကိုယ်ရဲ့တစ်နေ့လုံးက လန်းဆန်းတက်ကြွနေမှာဖြစ်တာကြောင့် တစ်ရက်ကို နာရီဝက်လောက်အချိန်ပေးပြီး မနက်စောစောလမ်းလျှောက်ပေးသင့်ပါတယ်။

အထီးကျန်ခြင်းကင်းအောင်နေပါ

multi-ethnic boys and girls with colorful fashionable clothes holding friend posing on a brick wall

Photo : Freepik

အထီးကျန်တယ်လို့ ခံစားရခြင်းက အဆိုးအရွားဆုံး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တစ်ခုဖြစ်ပါတယ်။ အထီးကျန်မှုကနေတစ်ဆင့် စိတ်ကျရောဂါလို အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့ ရောဂါဆိုးတွေ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့်အထီးကျန်မှုဝေဒနာကို ဖြေရှင်းဖို့ သူငယ်ချင်းတွေနဲ့ ဖြစ်စေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဖြစ်စေ တစ်လတစ်ခါလောက် အနည်းဆုံး တွေ့ဆုံမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

မျှတစွာစားသုံးပါ

Enjoying dinner with friends. top view of group of people having dinner together

Photo : Freepik

လူတစ်ယောက်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကလည်း အဲ့ဒီလူရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဆေးလည်းအစာ အစာလည်းဆေးဆိုသလို မျှတစွာစားသုံးပေးမယ်ဆိုရင်တော့ အစားအသောက်တွေကလည်း သင့်အတွက်ဆေးတစ်ခွက်ဖြစ်လာမှာပါ။ အဓိက ခန္ဓာကိုယ်အတွက် အဟာရ ပြည့်ဝစေတဲ့ အသားငါးဟင်းသီးဟင်းရွက်အားလုံးကို ဆီပါဝင်အနည်းဆုံး ချက်ပြုတ်ပြီး မျှမျှတတစားသုံးပေး ရပါမယ်။ အကယ်၍ ခန္ဓာကိုယ်ဟာ အဟာရဓာတ်လိုအပ်နေရင် ပင်ပန်းနွမ်းနယ်မှု စိတ်ဖိစီးမှုတွေကို အလွယ်တကူဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
တရားထိုင်ပါ

တရားထိုင်ပါ

Healthy couple doing home yoga practicing meditation together

Photo : Freepik

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကအရေးကြီးသလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ တရားထိုင်ခြင်းဟာအကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို နာရီဝက် တရားထိုင်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပူပင်မှုတွေ စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ကျစေမှာဖြစ်ပြီး စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းနေရာအထိ ငြိမ်းချမ်းခြင်းတွေကို ဖြစ်တည်လာစေမှာဖြစ်ပါတယ်။

ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်ပါ

multi-ethnic boys and girls with colorful fashionable clothes holding friend posing on a brick wall

Photo : Freepik

ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်နေရခြင်းဟာလည်း ကိုယ့်အတွက် စိတ်ချမ်းသာစရာနည်းလမ်းတစ်ခုပါ။ ကမ္ဘာမှာအောင်မြင်နေတဲ့ သူတော်တော်များများ သူတို့ ဝါသနာပါရာအလုပ်ကိုရဲရဲဝံ့ဝံ့ ရွေးချယ်လိုက်ကြလို့ပါပဲဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေကြတဲ့သူတွေဟာ သူတို့လုပ်ကို အလုပ်တစ်ခု တာဝန်တစ်ခုလို့တောင် မသတ်မှတ်ကြတော့ဘဲ ပျော်စရာကောင်းတဲ့အရာတွေကို လုပ်နေတယ်လို့ မြင်ယောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ကိုင်ပေးပါ။