အားလုံးပဲ မင်္ဂလာပါ။ လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြတဲ့အခါမှာ သွားလေးတွေဖြူဖွေးဖို့အတွက်သာမက ခံတွင်းနံ့ကောင်းဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ခံတွင်းနံ့ဆိုးခြင်းက လူတစ်ယောက်ရဲ့ အမြင်မှာ ဆိုးရွားသွားစေနိုင်ပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ရဲ့လူနေမှုဘဝကို ဂရုစိုက်မှုမရှိဘဲ လျစ်လျူရှုထားမိရင်တော့ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ခံတွင်းနံ့ဆိုးတဲ့အထိ ပြဿနာတွေဖြစ်လာစေပါတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ အသွင်အပြင်အတွက် အလွန်အရေးကြီးတဲ့ ခံတွင်းနံ့ဆိုးတာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

သွားဆရာဝန်နဲ့ပြသပါ

Source: Aurora Dental Studio

ခံတွင်းနံ့ဆိုးခြင်းရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ဟာ ပါးစပ်အတွင်းကနေ စပြီးဖြစ်လာတာကြောင့် တစ်နှစ်မှာနှစ်ကြိမ်လောက် ဆရာဝန်ဆီသွားပြပြီး ခံတွင်းသန့်ရှင်းရေးနဲ့ စမ်းသပ်စစ်ဆေးရေးတို့ကို ပြုလုပ်ပါ။

သွားမှန်မှန်တိုက်ပါ

Source: tewksburydentalassociates.com

မနက်တစ်ခါ ညအိပ်ရာမဝင်ခင်တစ်ခါ တစ်နေ့နှစ်ကြိမ် သွားမှန်မှန်တိုက်ပေးခြင်းက သွားကြားထဲမှာ ကပ်ညှိနေတဲ့ အစာအကြွင်းအကျန်တွေနဲ့ ပါးစပ်အတွင်းမှာ ပေါက်ဖွားနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

လျှာသန့်ရှင်းရေးပြုလုပ်ပါ

Source: Dr. Michael’s Dental Clinic

လျှာဆိုတဲ့နေရာဟာ နွေးထွေးစိုစွတ်ပြီး အစားအစာတွေ၊ အချိုရည်တွေမကြာခဏထိတွေ့နေတဲ့ နေရာဖြစ်တဲ့အတွက် အနံ့နံတဲ့ ဘက်တီးရီးယားတွေ ပျော်မွေ့ရာနေရာဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တိုင်း လျှာကိုပါပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ရမှာဖြစ်ပါတယ်။

ပလုပ်ကျင်းရည် အသုံးပြုပါ

Source: Live Science

သွားချေးတွေနဲ့ ဘက်တီးရီးယားတွေမှတဆင့် ဖြစ်ပေါ်လာတဲ့ အက်စစ်ဓာတ်တွေကို ဖယ်ရှားပစ်ဖို့အတွက် ပလုပ်ကျင်းရည်ကို အသုံးပြုပေးဖို့လိုပါတယ်။ ပလုပ်ကျင်းရည်ကို အသုံးပြုခြင်းက ခံတွင်းနံ့လေးကို ခဏတာ မွှေးပျံ့သွားစေနိုင်တာကြောင့် မမေ့မလျော့ဘဲ အသုံးပြုပေးပါ။

ပူရှိန်းနံ့ပီကေများကို ဆောင်ထားပါ

Source: Vital Record – Texas A&M Health Science Center

ကိုယ့်အနားမှာ သွားပွတ်တံမရှိတဲ့အချိန် ခံတွင်းနံ့နံလာပြီလို့ ခံစားရပါက သကြားဓာတ်မပါဝင်တဲ့ ပူရှိန်းပီကေလေးတွေကို ဝါးပေးလိုက်ပါ။ သွား၊ သွားဖုံး၊ လျှာတွေမှာကပ်ညိနေတဲ့ အစာအကြွင်းအကျန်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်ပေးမှာဖြစ်ပါတယ်။

စီးကရက်၊ ကော်ဖီ၊ အရက်တွေကို ရှောင်ရှားပါ

Source: Humble Musings

ခံတွင်းနံ့ဆိုးရွားခြင်းကို ဖြစ်စေတဲ့အထဲမှာ စီးကရက်၊ ကော်ဖီနဲ့ အရက်တွေကလည်း အဓိက ပါဝင်နေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အာခံတွင်းကို ခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုးရွားစေပါတယ်။ အရက်သောက်ခြင်းကလည်း ခံတွင်းရှိ ဘက်တီးရီးယားကောင်းများကို ဖယ်ရှားပစ်တာကြောင့် အတတ်နိုင်ဆုံးရှောင်ရှားပါ။