အလည်အပတ်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စနဲ့ပဲ သွားသွား ခရီးသွားရာက ပြန်လာချိန်မှာ ဘယ်သူမှ အိမ်ပြန်ယူမလာချင်တဲ့ လက်ဆောင်က ခရီးကအပြန် ဖျားတာပါပဲ။ TravIllness လို့ ခေါ်တဲ့ ခရီးသွားနာဖျားမှုဟာ ပုံစံ အမျိုးမျိုး ရှိပါတယ်။
အစားအသောက်မှားပြီး ဝမ်းပျက် ဝမ်းလျှောတာကနေ ငှက်ဖျာနဲ့ တုပ်ကွေးအထိ မျိုးစုံ ဖြစ်နိုင်လို့ တတ်နိုင်သမျှ ဂရုစိုက်ဖို့လိုပါတယ်။ ဒီတော့ ခရီးထွက်တဲ့အခါ Travel Illness မဖြစ်အောင်လို့ အခုပြောမယ့်အချက်တွေ လိုက်နာသင့်ပါတယ်။
(၁) ပူပူနွေးနွေး ချက်ပြုတ်ထားတာတွေ စားပါ
Photo: Unsplash
ခရီးသွားနေချိန်မှာ ကောင်းကောင်း ချက်ပြုတ်မထားတဲ့ အစားတွေ စားသောက်တာမျိုး ရှောင်ပါ။ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥ ၊ စားသုံးဖို့ အသင့်မဖြစ်သေးတဲ့ နို့စိမ်းနဲ့ နို့ထွက် ပစ္စည်းတွေ မစားဖို့ ၊ အနံ့အရသာ ပေါင်းနေတဲ့ ဟင်းလျာတွေ ရှောင်ဖို့ လိုပါတယ်။
(၂) လမ်းဘေးဆိုင်တွေက စားတာ ရှောင်ပါ
Photo: Unsplash
ဒေသတိုင်းမှာ ဒေသိယအစားအသောက်ကို လမ်းဘေးအသည်တွေဆီမှာ လွယ်လင့်တကူ မှာစားလို့ ရတယ်ဆိုပေမယ့် ချက်ပြုတ်စီမံချိန် မသန့်ရှင်းတာ ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ရှိတာကြောင့် မစားဖြစ်အောင် ရှောင်သင့်ပါတယ်။ နေရာတစ်ခုမှာ ရောက်လို့ အစားအသောက်ကိစ္စပေါ်လာရင် ခရီးသွားဧည့်လမ်းညွှန်ကိုပဲ အားကိုးသင့်ပါတယ်။
(၃) ရေသတိပြုပါ
Photo: Unsplash
တစ်ချို့နေရာတွေမှာ သောက်ရေမသန့်ရှင်းတဲ့ ပြဿနာတွေ ရှိပါတယ်။ မသန့်ရှင်းတဲ့ ရေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးမွှားတွေရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။
Tap Water လို့ခေါ်တဲ့ ရေဘုံပိုင်ခေါင်းကလာတဲ့ ရေသောက်တာမျိုး ရှောင်ပြီး ရေသန့်ဘူးဝယ်သောက်တာ ဒါမှမဟုတ် ကြိုချက်ထားတဲ့ ရေကျက်အေး သောက်တာမျိုးပဲ လုပ်သင့်ပါတယ်။
(၄) ဆေးဆောင်သွားပါ
Photo: Unsplash
တောတောင်တွေထဲ Excursion ထွက်ချိန်မှာ တောင်တက်ဝတ်စုံနဲ့ စခန်းချဖို့ တဲတွေပဲ လိုတာ မဟုတ်ပါဘူး။ ခြင်နဲ့ တစ်ခြား အင်းဆက်ပိုးတွေကို နှိမ်နင်းနိုင်မယ့် ခြင်ဆေးလိုမျိုး Repellent တစ်ခုခု ဆောင်ထားသင့်ပါတယ်။
(၅) တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
Photo: Unsplash
ခရီးသွားချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အချိန်ပေးဖို့ မလွယ်ပါဘူး။ ဒါကြောင့်ပဲ ပိုဂရုစိုက်သင့်တယ်လို့ ဆိုချင်ပါတယ်။ လက်ကို အယ်လ်ကိုဟောအနည်းဆုံး ၆၀% ပါတဲ့ Hand Gel တစ်ခုခုနဲ့ သေသေချာချာ ဆေးကြောတာကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ အကောင်းဆုံးက ခရီးသွားချိန်မှာ Hand Sanitizer တစ်ခု အလွယ်တကူ ထည့်သွားဖို့ပါပဲ။