သင်ဟာတကယ်တော်ပြီး လူ့အသိုင်းအဝိုင်းအတွက် သားကောင်းရတနာတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်ကိုယ့်ရဲ့အရည်အချင်းကောင်းတွေကို လူတွေသိအောင် မထုတ်သုံးခင်အထိ သင့်ပတ်ဝန်းကျင်က သင့်ကိုလေးစားမှုဟာ သာမန်အခြေအနေလောက်မှာပဲ ရှိပါလိမ့်မယ်။လူတော်တစ်ယောက်အဖြစ်အပြင် လေးစားလောက်တဲ့ လူဖြစ်စေဖို့ ကိုယ့်ရဲ့ ID ကို အခုလို ဖော်ထုတ်သင့်ပါတယ်။

(၁) ဖိအားအောက်မှာ တည်ငြိမ်ပါစေ

Source: Unsplash

ကျွန်တော်တို့ လေးစားရတဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ပါ။ သူတို့ ကို ခေါင်းဆောင်နေရာ တင်ထားရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်တော်တို့ မဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးမှာ သူတို့ ရဲ့တည်ငြိမ်မှု ၊ ဥာဏ်ပညာနဲ့ သတ္တိတွေထုတ်သုံးလို့ ပါ။လူတွေကို ခေါင်းဆောင်ရသူဟာ ဖိအားသိပ်များတဲ့ သူတွေဖြစ်ပါတယ်။အဲ့လိုအဖက်ဖက်က ဖိအားအောက်မှာ မျက်နှာမပျက်ဘဲ ခေါင်းအေးအေးထားပြီး ရင့်ကျက်တဲ့စိတ်အထားနဲ့ ဖြေရှင်းနိုင်သူဟာ လူတွေ လေးစားရတဲ့သူတွေဖြစ်လာပါတယ်။ သူတို့ ကိုလူတွေ အားကိုးလာပြီး အရေးအကြောင်းဆို ဒီလိုမျိုး ပြဿနာများအကြားမှာ စိတ်ရှင်းရှင်း ထားနိုင်သူဟာ ရှေ့ တန်းကနေ ဦးဆောင်ရပါတယ်။

 

(၂) ပေးလည်းပေး လေးစားအောင်လည်းနေ

 

Source: Freepik

ပရဟိတလုပ်တာဟာ လူတွေရဲ့ လေးစားမှုကို အမြန်ဆုံးရတဲ့ နည်းထဲမှာပါပါတယ်။ တစ်ခုရှိတာက လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံတစ်ခုက သူတို့လိုတာပဲပေးပြီး အဲ့လိုပေးရတဲ့ တန်ဖိုးကိုနားမလည်သေးသ၍လေးစားမှုက လိုက်မလာပါဘူး။ လေးစားမှုနဲ့ ပေးကမ်းပါ။ လေးစားအောင်ပြုမှုပါ။ လူတွေကို ဆက်ဆံရာမှာကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဆက်ဆံရသလိုကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်လည်း နေပြရပါတယ်။

 

(၃) မျက်နှာမရွေးဘဲ ချစ်တတ်ပါစေ

Source: Pexels

ချစ်စိတ်နဲ့ တွဲပါလာတဲ့ လေးစားမှုဟာ အင်အားကြီးပါတယ်။ လူတွေကို ချစ်တတ် စောင့်ရှောက်တတ်သူရဲ့ အနားကို ဘယ်သူမဆို နေချင်ကြပါတယ်။ မိတ်ဆွေများတယ်ဆိုတဲ့ သူဟာ ပိုက်ဆံပေါလို့ မဟုတ်ဘဲ သူ့ မိတ်ဆွေတွေကို အကြောင်းပြချက်မရှိဘဲ ချစ်လို့ ပါပဲ။

 

(၄) ဘဝရည်မှန်းချက်နဲ့ အစဉ်လျှောက်လှမ်းပါ

Source: Unsplash

လေးစားခံရတဲ့ သူတွေဟာ သူတို သွားချင်တဲ့ လမ်းကြောင်းကိုအသေအချာ သိသူတွေ ၊ သူတို့ တကယ်စိတ်နှစ်ပြီး အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်နောက်လိုက်နေသူတွေ ဖြစ်ပါတယ်။လူတွေဟာ တစ်ယောက်ကိုတစ်ယောက် လေးစားတယ်ဆိုရာမှာ သူတို့ အလေးအမြတ်ပြုတဲ့ အရည်အချင်းကောင်းမျိုး အဲဒီလူမှာရှိနေတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူများမှာမရှိတဲ့ အရည်အချင်းကောင်းရှိသူဟာ လူလေးစားခံရပါတယ်။နောက် တစ်ခုကကိုယ်ပိုင်ဟန်နဲ့ နေထိုင်သူ ၊ ကိုယ်ပိုင်ခံယူချက်ရှိပြီး ကိုယ့်ဘဝမှာကိုယ်လိုချင်တဲ့ ပုံစံကောင်းကိုထုဆစ်နေသူဟာ ပတ်ဝန်းကျင်ရဲ့ လေးစားမှုခံရတတ်ပါတယ်။

 

(၅) စကားတည်သူ ဖြစ်ပါစေ

Source: Pexels

ကတိတည်ခြင်း ၊ ကိုယ်ပြောသမျှအတွက် တာဝန်ယူစိတ်ရှိခြင်းဟာ လူကြီးလူကောင်းတွေရဲ့ လက္ခဏာပါ။ ယောကျာင်္းကောင်းတစ်ယောက်ဟာ သူ ပါးစပ်မှာ အစောင့်ထားပြီး စကား ပြောပါတယ်။ သူပြောသမျှ စကားနဲ သူပေးသမျှကတိဟာ စာချုပ်တစ်ခုပါပဲ။ သိက္ခာရှိရှိ နေထိုင်အသက်မွေးဝမ်းကြောင်းသူကို ဘယ်သူမဆိုလေးစားကြပါတယ်။