လူတစ်ယောက် လူကြီးလူကောင်းဆန်တယ်ဆိုတာဇိမ်ခံကားတွေ Branded အဝတ်အစားတွေနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေအရ ဆုံးဖြတ်ပေးလို့မရနိုင်ပါဘူး။ လူကြီးလူကောင်းဆန်ဖို့ လိုက်နာကျင့်သုံးရမယ် ကျင့်ဝတ်တွေဆိုတာရှိပါတယ်။ဒီတစ်ခေါက်မှာတော့ သင့်ကိုလူတိုင်းလေးစားအားကျရလောက်တဲ့ လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမယ့် အလေ့အကျင့်ကောင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) လေးစားမှုရှိပါ
Source : Shutterstock
လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးက လူတိုင်းကို လေးစားသမှုရှိဖို့ပါပဲ။
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူ ယောကျာ်းဖြစ်စေ မိန်းမ ဖြစ်စေ ဆင်းရဲချမ်းသာမရွေး လူတိုင်းကိုလေးစားစွာဆက်ဆံပါ။ကိုယ်တိုင်လေးစားမှုကိုလက်ကိုင်ထားမယ်ဆိုရင် သင့်ကိုလည်းလူတွေပြန်လည်လေးစားလာမှာဖြစ်သလို သင့်အနေနဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။
(၂) ရိုးသားပါ
Source : Shutterstock
ရိုးသားခြင်းရဲ့ တန်ဖိုးကဘယ်အရာတွေနဲ့မှလဲလှယ်လို့ မရနိုင်သလို ပိုက်ဆံနဲ့လဲတန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ရိုးသားတဲ့ လူတစ်ယောက်ကိုအများကချစ်ခင်လေး စားကြရုံသာမက ရိုးသားမှုရဲ့အကျိုးရလဒ်ကကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အလိုလိုမြင့်တက်စေပါတယ်။လူကြီးလူကောင်းဆန်ခြင်းရဲ့ အခြေခံသဘောအချက်တွေထဲမှာလည်း ရိုးသားမှုကအဓိကပါဝင်နေတာကြောင့် လူကြီးလူကောင်းဆန်ချင်ရင် ရိုးသားမှုကိုလက်ကိုင်ထားသင့်ပါတယ်။
(၃) ဦးစားပေးပါ
Source : Shutterstock
လူတွေကို ဦးစားပေးတက်ခြင်းကလည်း သင့်ကိုလူကြီးလူကောင်းဆန်စေမယ့် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ Bus ပေါ်မှာထိုင်ခုံနေရာဖယ်ပေးတာမျိုး တံခါးပေါက်တစ်ခုမှာလူနှစ်ယောက်ဆုံမိရင် တစ်ဘက်လူကိုအရင်ပေးသွားတာမျိုး စသည်ဖြင့်အသေးအမွှား ကိစ္စလေးတွေကအစ တခြားလူတွေကိုဦးစားပေးတာဟာ ကောင်းမွန်တဲ့အမူအကျင့်တစ်ခုဖြစ်သလို ကိုယ့်အတွက်လည်းဘားမှကြီးကြီးမားမားဆုံးရှုံးရတာမျိုး မဖြစ်စေပဲ လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။
(၄) အပြုအမူအပြောအဆိုထိန်းသိမ်းပါ
Source : Shutterstock
လူတစ်ယောက်ရဲ့စကားအပြောအဆိုအပြုအမူတွေကလည်း အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်ကိုယေဘုယျအားဖြင့်ခန့်မှန်းလို့ရပါတယ်။ရိုင်းစိုင်းတဲ့စကားတွေ ကိုယ်မလုပ်နိုင်ပဲကတိပေးတာမျိုးတွေ တစ်ဘက်လူရဲ့စကားကိုဖြတ်ပြီးပြောတာမျိုးတွေ စတဲ့အချက်တွေကသင့်ကိုလူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ဒါ့ကြောင့်လူတွေနဲ့စကားပြောတဲ့အခါ ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေကိုထိန်းသိမ်းခြင်း အားဖြင့်လူကြီးလူကောင်းဆန်သူတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။