ယောကျာ်းလေးဆိုတာ ရုပ်ချောမနေရင်တောင်ကြည့်ကောင်းအောင် ပြုပြင်နေထိုင်လို့ရပါတယ်။ အဓိကစမတ်ကျကျနဲ့ စတိုင်မိမိနေတက်မယ်ဆိုရင် မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက ရွှေမင်းသားလေးဖြစ်လာမှာဖြစ်သလို လူတိုင်းရဲ့အမြင်မှာလည်းကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်နေမှာဖြစ်ပါတယ်။ကဲဒါဆိုဘယ်လိုအရာတွေကိုပြုပြင်ပြောင်းလဲရမလဲ ဘယ်လိုနေထိုင်သင့်လဲဆိုတဲ့အလေ့အကျင့်ကောင်းတွေကိုပြောပြပေးပါမယ်။
(၁) ခန္ဓာကိုယ်ကိုထိန်းသိမ်းပါ
Source : Shutterstock
ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ ခန္ဓာကိုယ်အသွင်ပြင်နဲ့ ပုံပန်းသဏ္ဍန်ကလည်း အများကြီးသက်ရောက်မှုရှိပါတယ်။ Six Pack ရှိမှကြည့်ကောင်းတာမဟုတ်ပါဘူး။ အဆီပိုကင်းပြီး ရှိသင့်ရှိထိုက်တဲ့ခန္ဓာကိုယ်ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်းရှိမယ်ဆိုရင်အဆင်ပြေပါတယ်။ ဒါကြောင့်အစားအသောက်ကိုထိန်းပါ။အားကစားပုံမှန်လုပ်ပြီး ခန္ဓာကိုယ်ဘော်ဒီအချိုးကျဖို့တည်ဆောက်သင့်ပါတယ်။
(၂) တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားပါ
Source : Shutterstock
သိန်းကျော်ပေးရတဲ့ရေမွေးအကောင်းစားတွေ သုံးမှမဟုတ်ပါဘူး။ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုဂရုစိုက်ပြီး ခန္ဓာကိုယ်အနံ့အသက်တွေကင်းစင်အောင်နေနိုင်ရင်ပဲ တစ်မျိုးဆွဲဆောင်မှုရှိနေပါပြီ။ဒါကြောင့်နေ့စဉ်ပုံမှန်ရေချိုးပါ။ ခံတွင်းသန့်ရှင်းဖို့အတွက် အစားစာပြီးတိုင်းပလုတ်ကျင်းပါ။ သွားတစ်နေ့ကို ၂ ကြိမ်တိုက်ပါ။ ခန္ဓာကိုယ်ကကြည့်ရဆိုးစေပြီး အနံ့အသက်တွေဖြစ်စေနိုင်တဲ့ အမွှေးအမျှင်တွေကိုရှင်းလင်းဖယ်ရှားပါ။
(၃) အဝတ်အစားကိုသေချာရွေးချယ်ပါ
Source : Shutterstock
လူမှာအဝတ်တောင်းမှာအကွပ်ဆိုသလိုပါပဲ အဝတ်အစားကလူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုမြှင်တင်ပေးနိုင်ပါတယ်။ အဓိကအားဖြင့်အဝတ်အစားရွေးချယ်တော့မယ်ဆိုရင် ဈေးနှုန်းထက် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနှင့် ကိုက်ညီမှုရှိပြီး Fitting ကျတဲ့အဝတ်အစားမျိုးကိုရွေးပါ။ သိန်းကျော်ပေးပြီး ကိုယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လွဲနေရင်လည်းကြည့်ကောင်းနိုင်မှာမဟုတ်ပါဘူး။
(၄) ကိုယ်နေဟန်အထားကို ပြုပြင်ပါ
Source : Shutterstock
စမတ်ကျပြီး ကြည့်ကောင်းချင်တယ်ဆိုရင် အဓိကဂရုတစိုက်ပြုပြင်ရမှာက ခန္ဓာကိုယ် ကိုယ်နေဟန်အထားဖြစ်ပါတယ်။ လမ်းလျောက်ရင် ကုန်းကုန်းကိုင်းကိုင်းကြီးလျောက်နေမိလား ထိုင်နေတဲ့အခါမှာလည်း ခါးကိုမတ်မတ်မထားပဲ လဒမှိုင်သလိုငူငူငိုင်ငိုင်ကြီးဖြစ်နေလား လက်ပြင်ကုန်းနေလား ။ဒါတွေအားလုံးပြုပြင်ပြီး ခန္ဓာကိုယ်ကိုယ်နေဟန်အထားမှန်မှန်နဲ့နေထိုင်မယ်ဆိုရင် စမတ်ကျပြီးကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။