လုပ်ငန်းခွင်မှာ တက်ကြွတဲ့ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်ပေမယ့် အမြဲထှိုင်းမှိုင်းနေပါသလား။ လုပ်ငန်းခွင်မှာ ပျော်ရွှင်လန်ဆန်းဖို့အတွက် စိတ်အားထက်သန်မှုတွေ လိုအပ်ပါတယ်။ တကယ်လို့လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီဆိုရင် ဒီအချက်လေးတွေကို လေ့လာပြီး တက်ကြွလန်းဆန်းတဲ့ ဝန်ထမ်းကောင်းဖြစ်အောင် ပြောင်းလဲလိုက်ပါ။

Businessman giving businesswoman high five at office

Photo : Peoplebox

အလုပ်ကို တိတိကျကျလုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်းတာဝန်ပေါ်မှာ အာရုံစူးစိုက်မှုထားဖို့လိုပါတယ်။ အလုပ်ချိန်မှာ အလုပ်ကိုစိတ်ဝင်တစားဆောင်ရွက်မယ်ဆိုရင် အလုပ်နဲ့ပတ်သက်လို့ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

လူသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာခံစားမှုတွေလည်း များစွာရှိနိုင်ပါတယ်။ မိသားစုရဲ့ အိမ်တွင်းရေးပြဿနာတွေ၊ ချစ်သူရည်းစားရဲ့ စိတ်ဆိုးစိတ်ကောက်မှုတွေဟာ သင့်အတွက် စိတ်ဖိစီးမှုတွေပါပဲ။ ဒီလို ကိုယ်ရေးကိုယ်တာခံစားချက်တွေကို လုပ်ငန်းခွင်ထဲယူလာမိပြီဆိုရင်တော့ လုပ်ငန်းခွင်အတွက် တက်ကြွတဲ့ဝန်ထမ်းကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။

Group of business executives using laptop at their desk

Photo : Podemos

အလုပ်ကိုအများနဲ့စုပေါင်းလုပ်ရတဲ့အခါမှာ Teamwork ရှိရှိနဲ့ လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များနဲ့ အပေးအယူမျှမျှရှိပြီး တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်တွေကို ဖယ်ထုတ်ပစ်နိုင်ဖို့လဲလိုပါတယ်။ ဒါမှလုပ်ငန်းခွင်ထဲမှာ အမြဲတက်ကြွပျော်ရွှင်နေနိုင်မှာပေါ့။

ညနေပိုင်းအချိန်တွေကနေ ညနက်ထိ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေရင်တော့ အိပ်ချိန်တွေလျော့ပါးလာမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ညနက်တဲ့အထိဂိမ်းဆော့တာမျိုး၊ ဇာတ်လမ်းတွဲတွေကြည့်နေတာမျိုးဆိုရင်လည်း အိပ်ရေးမဝနိုင်ပါဘူး။ အိပ်ရေးမဝဘူးဆိုလျှင် လုပ်ငန်းခွင်မှာတက်ကြွလန်းဆန်းနေဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။