ရုပ်ချောတိုင်း ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်ချင်မှ ဖြစ်မှာပါ။ တစ်ချို့သူတွေဟာ ရုပ်ရည်အသင့်အတင့်ပဲ ရှိပေမယ့် လူတွေအကြားမှာ မီးဆလိုက်နဲ့ ထိုးထားသလို ထင်ရှားနေတာဟာ အခုပြောတဲ့ အချက်တွေနဲ့ ကိုက်ညီနေလို့ ဖြစ်ပါတယ်။

(၁) စမတ်ကျကျနေထိုင်ပါ

Photo: bestlifeonline

စမတ်ကျကျ နေထိုင်တယ်ဆိုတာ Branded ဖက်ရှင်တွေပဲ ရွေးဝတ်တာ အကောင်းစား ပစ္စည်းတွေပဲ သုံးစွဲတာကို ပြောတာ မဟုတ်ပါဘူး။ ရေမွှေးတွေ နံဟောင်နေအောင် မဆွတ်ဘူး။ တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုစိုက်တယ်။ မုတ်ဆိတ် နှုတ်ခမ်းမွေးထားရင်လည်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ထားတယ်။ သွားတဲ့လာတဲ့အခါမှာလည်း ကိုယ်နေဟန်ထားကို ယောင်္ကျားတစ်ယောက်ရဲ့ စမတ်ကျမှုမျိုးဖြစ်အောင် ထိန်းတယ်။

(၂) အဝတ်အစား ဂရုစိုက်ပါ

Photo: Pinterest

ဖက်ရှင်နဲ့ ပတ်သက်လာရင် ကိုယ်နဲ့ အလိုက်ဖက်ဆုံး ကာလာ ၊ ဆိုဒ်နဲ့ အမျိုးအစားကို ရွေးဝတ်တာက အကောင်းဆုံးပါ။ တကယ်လို့ တီရှပ်နဲ့ Jeans က သင့်ကို ကြည့်လို့ကောင်းတဲ့ ဝတ်စုံဆိုရင် တီရှပ်နဲ့ Jeans ကိုမှ ကိုယ့်အကြိုက် ကာလာ ၊ ဆိုဒ်နဲ့ တံဆိပ်တွေကို ရွေးဝယ်ထားပြီး ကိုယ်ပိုင် Logo တစ်ခုလို စွဲစွဲမြဲမြဲဝတ်သင့်ပါတယ်။

ကိုယ်ကြိုက်တယ်ဆိုပေမယ့် ပြောင်ပြောင်လက်လက် ဖြစ်လွန်းတာနဲ့ အရမ်းကျပ်တာ/ပွယောင်းလွန်းတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်သွားမယ့် နေရာ ၊ အခမ်းအနားနဲ့ လိုက်ဖက်တဲ့ ဝတ်စုံမျိုးလည်း ရွေးဝတ်သွားဖို့ လိုပါတယ်။

(၃) Self-Confidence နဲ့ နေပါ

Photo: mensfashionmagazine

သင့်ကိုယ်သင် ယုံကြည်ခြင်းဟာ အလှဆုံး ဝတ်စုံ ဝတ်ထားတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု ရှိထားတဲ့သူဟာ လှုပ်ရှားသွားလာတိုင်းမှာ စမတ်ကျနေမှာပါ။ ယောင်္ကျားဆန်ဆန် ဆွဲဆောင်အားကောင်းသူတွေဟာ သူတို့ကိုယ်သူတို့ စိတ်ချမှု အပြည့်ရှိသူတွေ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ မောင်းနှင်နေတာ ဖြစ်လို့ သူတို့မျက်နှာဟာ တစ်နည်းတစ်ဖုံ ကြည့်လို့ကောင်းနေတတ်ပါတယ်။ ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားဖြစ်ချင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်ဖို့ အကြံပေးချင်ပါတယ်။

(၄) အားကစားလုပ်ပါ

Photo: Freepik

သင့်ခန္ဓာကိုယ်ကို သင်ကိုယ်တိုင် စိတ်တိုင်းကျနေပါစေ။ အားကစားဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာကျစ်လျစ်မှုအတွက် အကောင်းဆုံးကုထုံး ဖြစ်ပါတယ်။ အားကစားလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ဟာ ကျစ်လျစ်ကြံ့ခိုင်ပြီး ကြည့်ကောင်းလာစေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ ရက် အားကစားပုံမှန်လုပ်သင့်ပါတယ်။ Weight Lifting မလုပ်နိုင်ရင်လည်း Cardio ကစားတာ ၊ စကိတ်စီး ၊ စက်ဘီးစီး စတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်ပေးသင့်ပါတယ်။

အားကစားလုပ်တဲ့ အမျိုးသားတွေဟာ ရွယ်တူတန်းတူအကြားမှာ အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ညှို့ငင်အားကောင်းတဲ့ အမျိုးသားဖြစ်ချင်ရင် Gym သွားဖို့ မပျင်းသင့်ကြောင်းလည်း အကြံပေးလိုက်ပါတယ်။