တစ်ကိုယ်ရည်တစ်ကာယသမားတွေအနေနဲ့ လက်တွဲဖော်မရှိလို့ အထီးကျန်တယ်လို့ မတွေးလိုက်ပါနဲ့။ တစ်ကိုယ်ကိုယ်တွေအတွက် ဘဝမှာပျော်အောင်နေထိုင်လို့ရမယ့် နည်းလမ်းတွေများစွာရှိပါတယ်။

(၁) ကိုယ်တိုင်ချက်ပြုတ်ပါ

Man Cooking at home

Photo : Unsplash

ဟင်းချက်တာ ပျော်စရာကောင်းပြီး ဖန်တီးမှုစွမ်းရည်တွေ တိုးတက်စေနိုင်ပါတယ်။ တစ်ယောက်တည်းသမားတွေအနေနဲ့ ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်တာဟာ ပျော်ရွှင်စရာကောင်းမယ့် နည်းလမ်းတစ်ခုပါပဲ။

(၂) ရုပ်ရှင်တွေကြည့်ပါ

Man watching his favorite movie on a laptop

Photo : Freepik

ရုပ်ရှင်ကြည့်ခြင်းက စိတ်အပန်းပြေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တချို့ရုပ်ရှင်တွေကနေ ဘဝအတွက်သင်ခန်းစာတွေ ခွန်အားတွေ ဗဟုသုတတွေများစွာ ရရှိနိုင်ပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်ရတဲ့အခါ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကို တစ်နေ့ကုန်သာထိုင်ကြည့်လိုက်ပါ။

(၃) အားကစားလုပ်ဆောင်ပါ

Fit happy man exercising at the home

Photo : Eat This, Not That

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရစေသလို စိတ်ဓာတ်ကျန်းမာကြံ့ခိုင်လာစေတဲ့ ကောင်းကျိုးတွေရစေပါတယ်။ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားနေပေးတာက စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်းတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။

(၄) ဝါသနာပါအတွက်အချိန်ပေးပါ

man, playing guitar

Photo : Pikist

ဘဝမှာကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်နေရခြင်းက ပျော်စရာအကောင်းဆုံးအချိန်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့်ကိုယ်ကတစ်ကိုယ်တည်းသမားဆို ဘာဝါသနာပါလဲ ဆန်းစစ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ကြည့်ပါ။ အထီးကျန်ခြင်းကင်းပြီး ပျော်ရွှင်လာရမှာ အသေအချာပါပဲ။

Featured Photo : Current Artisan