ကိုယ့်ကိုယ်ကိုယ် ချစ်ကြလားလို့ မေးရင် Yes လို့ ဖြေကြသူတွေချည်း ဖြစ်မှာပါ။ ဒါပေမယ့် တကယ်ရော ကိုယ့်ကို ချစ်သလား ၊ အခုပြောမယ့်အချက်တွေရော လုပ်ဖြစ်လားလို့ မေးရင် May Be or No တစ်ခုခု ဖြေမယ်လို့ ထင်ပါတယ်။ အခုပြောမယ့် အချက်လေးတွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ပါဦး။
(၁) တစ်ရက် မိနစ် ၂၀ တစ်ယောက်တည်းနေ

Photo: Freepik
ဘယ်သူမဆို ကိုယ်ပိုင်အချိန် လိုပါတယ်။ ကိုယ့်အတွက်ကို စဉ်းစားဖို့ ၊ အစီအစဉ် ချဖို့ ၊ စာဖတ်ဖို့ ၊ သီချင်းနားထောင်ဖို့နဲ့ စိတ်အဆင့်မြှင့်တင်ဖို့ နေ့တိုင်း ကိုယ့်အတွက်ကိုယ် အချိန်ချန်ထားပါ။
(၂) ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုတတ်ပါစေ

Photo: Freepik
ကိုယ့်လုပ်ခဲ့တဲ့ အောင်မြင်မှုသေးသေးလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ချီးကျူးတတ်ပါစေ။ အောင်မြင်မှုလေးတွေ ရတိုင်း စာအုပ်တစ်အုပ် ဝယ်တာ ၊ ရှုးစ်တစ်ရံ လက်ဆောင် ကိုယ့်ကိုယ်ကိုယ် ပြန်ပေးတာမျိုး လုပ်သင့်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပါ

Photo: Freepik
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာဖို့ အတတ်ပညာတွေ သင်ပါ။ အရွယ်ကောင်းတုန်း စီးပွားရေးရှာဖွေပါ။
ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို အရောက်သွားတာ ၊ ကိုယ့်ဆုံးဖြတ်တဲ့အတိုင်း ဖြစ်အောင် လုပ်တာနဲ့ ကိုယ်စွမ်းကိုယ်စကို ယုံကြည်တာဟာ ယောင်္ကျားကောင်းတွေရဲ့ အရည်အသွေး ဖြစ်ပါတယ်။
(၄) အကောင်းမြင်စိတ်နဲ့ နေထိုင်ပါ

Photo: Freepik
အကောင်းမြင်တဲ့ သဘောထားဟာ ကောင်းမွန်တဲ့ ဘဝနေနည်းဖြစ်ပါတယ်။ လောကပေါ် အပြုသဘောမြင်တဲ့ အမြင်မျိုးဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်အရည်အသွေးဖြစ်ပါတယ်။ အဆိုးမြင်မှုကို လက်ကိုင်ပြုပြီး နေတဲ့သူတွေဟာ ကိုယ့်စိတ်ကို ပြန်ညှင်းဆဲနေတာ ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ နေနည်းကားနဲ့ နေနေတာလို့ ဆိုနိုင်ပါတယ်။
(၅) လမ်းလျှောက်ပါ

Photo: Freepik
အားကစားရုံမသွားနိုင်လည်း ကိစ္စမရှိပါဘူး။ နေ့တိုင်း တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရင်ကို ကျန်းမာလန်းဆန်းပါတယ်။ လမ်းလျှောက်ခြင်းဟာ အကုန်အကျအနည်းဆုံး နဲ့ တစ်သက်လုံးအတွက် အကျိုးအရှိဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။
