တခြားသူတွေထက်အမြဲပဲ စတိုင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ဆို ဘာတွေသိထားဖို့လိုမလဲ။ အခြေခံစတိုင်စည်းမျဉ်းတွေအကြောင်း သိတဲ့သူဟာ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဖက်ရှင်ကျသားနားအောင် ဝတ်တတ်စားတတ်တာ သဘာဝပါပဲ။ ဒီတော့ အမြဲစတိုလ်ကျကျနေတက်ချင်သူတွေသိထားသင့်တဲ့ဖက်ရှင်အကြံပြုချက်လေးတွေ လေ့လာကြည့်ရအောင်ပါ။

(၁) ဖက်ရှင်ရေစီးကြောင်းအလိုက် ပြောင်းလဲဝတ်ဆင်တက်ဖို့လိုတယ်

Best Men's Fashion YouTubers

Photo : Man of Many

ဖက်ရှင်ဆိုတာ နှစ်အလိုက်ခေတ်အလိုက်အမြဲ ပြောင်းလဲတဲ့သဘောရှိပါတယ်။ Trends အညီဝတ်ဆင်တက်ချင်းက ကိုယ့်ရဲ့ဖက်ရှင်စတိုင်လ်ကိုမြင့်တင်ပေးနိုင်မယ့် အဓိကအခြေခံအချက် တစ်ခုဖြစ်ပါတယ်။ အမြဲတမ်း Classic ဆန်ဆန်ဖက်ရှင်တွေပဲဝတ်နေရင် ရိုးအီလာမှာပါ။ ဒါကြောင့် ဖက်ရှင်ရေစီးကြောင်းအလိုက် ကိုယ့်ရဲ့စတိုင်လ်ကို ပြောင်းလဲဝတ်ဆင်ပါ။

 

(၂) ဖက်ရှင်ရွေးချယ်မှုပါးနပ်ရမယ်

The Best Clothing Colors for Men

Photo : The Modest Man

နေ့စဉ်လှုပ်ရှားနေရတဲ့ Lifestyle နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို ပါးပါးနပ်နပ်ရွေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်သွားမှာလား ၊ ပွဲအခမ်းအနားတစ်ခုခုရမှာလား ၊ ပေါ့ပေါ့ ပါးပါး အပြင်သွားမှာလား ၊ အားကစားလုပ်မှာလား စသည်ဖြင့်ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ဖက်ရှင်ရွေးချယ်မှုကို လိုက်ဖက်အောင် ပြောင်းလဲရွေးချယ်တက်ရမှာဖြစ်ပါတယ်။

(၃) Quality ကိုဦးစားပေးပါ

Handsome man shopping for new clothes in store

Photo : Apparel Rank

အဝတ်အစားဝယ်ယူတဲ့အခါ Quality ကိုဦးစားပေးဖို့ လိုပါတယ်။ Quality ကောင်းတဲ့ပစ္စည်းတွေက ရေရှည်အသုံးခံသလို Cutting ပိုင်းမှာလည်း ပိုပြီးစမတ်ကျပါတယ်။ အရည်အသွေးမြင့်တဲ့ အဝတ်အစားဆိုတာ သုံးထားတဲ့ ချည်သားကောင်းရမယ် ၊ ဝတ်ကြည့်တာနဲ့ အဆင်ပြေနေရပါမယ်။ အနည်းဆုံး ၂ နှစ် ၃ နှစ်အထိကောင်းကောင်း ဝတ်လို့ရပြီး မရိုးသွားမယ့် ဒီဇိုင်းမျိုး ဖြစ်နေရပါမယ်။

(၄) ဖိနပ်ကောင်းကောင်းဝတ်ဆင်ပါ

man shoes

Photo : Nalan

ဖက်ရှင်နဲ့ပတ်သတ်ရင် အရေးကြီးတဲ့ ဖိနပ်ကိုလည်း မမေ့သင့်ပါဘူး။ ကွီးတို့ရဲ့ စတိုင်လ်တစ်ခုလုံးကို ဖိနပ်က ဖျက်စီးပစ်လိုက်နိုင်ပါတယ်။ အခုခေတ် ယောက်ကျားလေးနဲ့မိန်းကလေးတွေက အားကစားဖိနပ်တွေ ဝတ်ဆင်ရတာကို ပိုသဘောကျနေပါတယ်။ ဒါပေမယ့် ရှုးဖိနပ်အမည်းနဲ့ suit ဝတ်စုံ၊ ရိုးရိုးရှုးဖိနပ်နဲ့ ဂျင်းဘောင်းဘီတွေလောက် တွဲဖက်ညီပြီး စတိုင်ကျတာ မရှိပါဘူး။ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်ညီမဲ့ ရှုးဖိနပ် နှစ်ရံလောက် ဝယ်ထားသင့်ပါတယ်။

Featured Photo : InStyle