အခုလို ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတွေပြန့်ပွားနေတဲ့ ကာလမှာ ကိုယ်ခံအားကောင်းနေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်ဆိုတာ ပြင်ပကရောဂါပိုးတွေ ခန္ဓာကိုယ်ထဲအလွယ်တကူတဝင်ရောက်နိုင်ဖို့ ကာကွယ်ပေးထားတဲ့ တံတိုင်းကြီးတစ်ခုနဲ့ ပုံစံတူတယ်လို့ပြောလို့/ပါတယ်။ဒါကြောင့်အခုလို COVID – 19 ကာလမှာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ရောဂါတွေအလွယ်တကူမဝင်နိုင်ဖို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်နေထိုင်သင့်ပါတယ်။
(၁) အရက်သောက်ခြင်းရှောင်ကျဉ်ပါ
Source : Discover
အရက်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်ပါတယ်။ဒါထက်ပိုဆိုးတာက အရက်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာဖြစ်ပါတယ်။ဒါကြောင့် အခုလိုအချိန်မှာ ဖြစ်နိုင်ရင် အရက်သောက်ခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
Source : Lifestyle Nutrition
တစ်နေ့ကို နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းညှိပေးရာရောက်ပြီး ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ Gym တွေ အားကစားရုံတွေပိတ်လိုက်ပေမဲ့လည်း အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားအားကစားလုပ်နိုင်ပါတယ်။ Youtube ကနေ Tutorial ဗီဒီယိုတွေကြည့်ပြီး အိမ်မှာပဲလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
(၃) ရေဓာတ်ဖြည့်ပါ
Source : Runtastic
ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ခုရက်ပိုင်းရာသီဥတုကလည်းအရမ်းကို ပူပြင်းလာပြီဖြစ်တာကြောင့် ရေဓာတ်ခမ်းခြောက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ကျန်းမာလန်းဆန်းပြီး ရောဂါတွေအလွယ်တကူမဖြစ်စေတာကြောင့် တစ်နေ့ကိုရေများများသောက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။
(၄) ဆေးလိပ်မသောက်ပါနဲ့
Source : Dave Asprey
ဆေးလိပ်က ခန္ဓာကိုယ်အတွက်ကောင်းကျိုးမပေးတဲ့အပြင် ကျန်းမာရေးကိုအထိခိုက်ဆုံး အလုပ်တစ်ခုဖြစ်ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဟာ ဆေးလိပ်သောက်သုံးသူတွေ ကူးစက်ခံရပါက ဝေဒနာပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ပါတယ်။ဒါကြောင့် လုံးဝဆေးလိပ်သောက်သုံးခြင်းမပြုဖို့ တိုက်တွန်းချင်ပါတယ်။
(၅) အဟာရရှိစွာစားသုံးပါ
Source : Runtastic
ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ဆိုရင် အဓိကအားဖြင့် နေ့စဉ်အဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးဖို့လည်း လိုအပ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ဓာတ် ပရိုတင်းဓာတ် အမျှင်ဓာတ် သတ္တုဓာတ် စတဲ့ဓာတ်တွေပါဝင်တဲ့အစားအစာတွေကို မျှတစွာစားသုံးပေးပါ။ ဒါဆိုရင် ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။
(၆) အချိန်မှန်မှန်အိပ်ပါ
Source : A Healthier Michigan
အိပ်စက်ချိန်ကလည်း လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိစေပါတယ်။ အချိန်မှန်မှန်အိပ်စက်ပြီး တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြားအိပ်စက်မယ်ဆိုရင် ကိုယ်ခံအားစနစ်ကောင်းမွန်နေမှာဖြစ်ပါတယ်။ ညဘက်တွေမှာလည်း အိပ်ရေးအပျက်မခံပါနဲ့။ဖြစ်နိုင်ရင် စောစောအိပ်ယာဝင်ပါ။