Personality ဆိုတာ ဗီဇတွေ ၊ ပါရမီတွေနဲ့ မဆိုင်ပါဘူး။ ဆိုလိုတာက Personality ကို Boost လုပ်လို့ရပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ပင်ကိုယ်စွမ်းရည်ဆိုတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို ထိပ်ဆုံးရောက်အောင်မြှင့်တင်တဲ့နေရာမှာ အသုံးချဖို့အတွက် အခုပြောမယ့်နည်းလမ်းတွေ လိုအပ်ပါတယ်။

Young asian man working at home

Photo : Freepik

တစ်ခြားသူတွေနဲ့ကိုယ်ဟာ မတူခြားနားနေတာ ရှိပါတယ်။ ကိုယ့်ရဲ့ စွမ်းအားကို တကယ်သုံးရတဲ့ အခြေအနေမျိုးနဲ့ကြုံလာရင် လူအများနဲ့လုပ်ရိုးလမ်းစဉ်ကနေ ခွဲထွက်ရပ်တည်လာတာလေးတွေ ရှိလာပါလိမ့်မယ်။ကိုယ်ပိုင်ဟန်နဲ့ကိုယ်ထွက်လာတဲ့ အခါမျိုးကိုသတိ ထားပါ။ဒါဟာကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်အစစ် ဖြစ်လို့ဒီစွမ်းရည်ကို မြေတောင်မြှောက်ပေးဖို့လိုပါတယ်။

တစ်ချို့ပိုက်ဆံရပြီး ကိုယ့်ဘဝကိုယ်အနေအထားကို စိတ်ကျေနပ်မှူ မရစေတဲ့ အလုပ်တွေကို နှူတ်ဆက်ဖို့သတ္တိရှိသင့်ပါတယ်။ ငွေကြောင့်လုပ်နေရတဲ့ အလုပ်တွေဟာ ဘဝမှာ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ။် ဒါပေမယ့်တကယ့်ကို လူရဲ့ Personality ကို ထွန်းကား ပေါက်မြောက်စေမယ့် အလုပ်တွေလုပ်တာကတော့ အကောင်းဆုံးနဲ့ဘဝမှာ စိတ်အချမ်းသာဆုံးပါပဲ။တကယ်လို့သင်ဟာပန်းချီရေးဆွဲတဲ့ဘက်မှာ အစွမ်းအစနဲ့စိတ်အား ထက်သန်မှူ ရှိတယ်ဆိုရင် ဘာလို့အရောင်းဝန်ထမ်းလုပ်နေမှာလဲ။နယ်ပယ်သစ်ထဲ ခြေလှမ်းရဲဖို့လိုပါတယ်။

Businesspeople meeting at office working

Photo : Freepik

ဖန်တီးဖို့ဘယ်တော့မှ မကြောက်ပါနဲ့။ကိုယ့်ရဲ့ တကယ့်စွမ်းရည်ကို ဆန်းသစ်တီထွင်မှူကနေပဲ မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ Personality Type ကို သိရဖို့နေ့စဉ်ဘဝထဲမှာပဲ အသစ်အသစ်တွေ ဖန်တီးသွားပါ။သမရိုးကျဘဝထဲမှာသူလိုကိုယ်လို နေရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။အတွေးသစ် ၊ အမြင်သစ်တွေဟာ လူတစ်ယောက်ကိုမသိမသာလာထိခိုက်တတ်ပါတယ်။ဒီအချက်ပြမှူဟာကိုယ့်ရင်ထဲအထိ ရောက်လာတတ်လို့စောင့်ကြည့်ပြီး ဖမ်းယူသွားရမှာပါ။

အခုဆိုကိုယ်ဘာဖြစ်ချင်သလဲ ၊ကိုယ့်ရဲ့ Personality ကဘာလဲဆိုတာသိလောက်ပါပြီ။သိပြီဆိုတာနဲ့လုပ်သင့်တာက ကိုယ်သွားချင်တဲ့နယ်ပယ်က ထိပ်တန်းရောက်နေသူတွေဆီက အကြံတောင်းဖို့ပါပဲ။သူတို့ဆီမှာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ညွှန်နိုင်တဲ့ မြေပုံရှိတတ်ပါတယ်။ ဒါဟာ Personality ကောင်းတစ်ခုကို ပျိုးထောင်ပေးတဲ့ ပထမဆုံး ခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။