Relationship တစ်ခုမှာ ယုံကြည်မှုက သိပ်ကိုအရေးကြီးပါတယ်။ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိမှလည်း တွဲလက်ခိုင်မြဲတဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ချစ်သူနှစ်ဦးကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) တည်ဆောက်ယူပါ

Couple Talking

Photo : Best Life

သင့်ကောင်မလေးက သင့်အပေါ်အမြဲယုံကြည်တယ်လို့ မယူဆလိုက်ပါနဲ့။ ယုံကြည်မှုဆိုတာ သူ့အလိုလိုရလာနိုင်တာမျိုးမဟုတ်ပါဘူး။တည် ဆောက်ယူမှသာ ရနိုင်တာပါ။ ယုံကြည်မှု တည်ဆောက်ဖို့ရန်အတွက် အခြေခံအကျဆုံးက ရိုးသားပွင့်လင်းမှုရှိ ဖို့ပါပဲ။ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့အတူ နှစ်ဦးကြားက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုမိုခိုင်မြဲအောင် တည်ဆောက်လို့ရနိုင်ပါတယ်။

(၂) ကတိတည်ပါ

Couple Dating

Photo : Women’s Health

ကိုယ်က ကတိတစ်ခုပေးပြီတဲ့အခါမှာ ပေးထားတဲ့ကတိကိုတည်အောင် အမြဲစောင့်ထိန်းဖို့ အရေးကြီးပါတယ်။ အကယ်၍ ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုဖြစ်ပါက အစကတည်းက ကတိပေးဖို့ လက်မခံသင့်ပါဘူး။ ကတိပေးလိုက် ဖျက်လိုက်လုပ်တာဟာ သင့်ကို အထင်သေးသွားစေနိုင်သလို သင့်အပေါ်ထားတဲ့ ယုံကြည်မှု Level ကလည်း တဖြည်းဖြည်းကျဆင်းလာမှာ ဖြစ်ပါတယ်။

(၃) အမှားကိုတာဝန်ယူပါ

Couple talking

Photo : NBC News

ကိုယ့်ရဲ့အမှားကို တာဝန်ယူရဲခြင်းက ယောကျာ်းပီသသူတို့ရဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ အမှားနဲ့ကင်းတဲ့သူဆိုတာ မရှိပါဘူး။ အမှားကြီးကြီး ဖြစ်စေ ၊ အမှားသေးသေးလေးပဲ ဖြစ်စေ ကိုယ့်ရဲ့အမှားကို ဝန်ခံရဲ ၊ တာဝန်ယူရဲတဲ့ စိတ်ရှိမှသာ တစ်ဖက်လူရဲ့ယုံကြည်မှုကို သင်ရနိုင်မှာဖြစ်ပါတယ်။ အမှားတစ်ခုကို အကြိမ်ကြိမ်အခါအခါ မှားမနေဖို့တော့ လိုတာပေါ့။

(၄) သံသယကင်းအောင်နေပါ

couple looking at phone

Photo : Better Topics

သံသယစိတ်က အရာရာကို အပျက်သဘောဆောင်စေတာပဲ မဟုတ်လား။ သံသယဝင်လာပြီဆိုတာနဲ့ သံသယရဲ့နောက်မှာ မယုံကြည်ခြင်းတွေ အထင်မြင်လွဲမှားခြင်းတွေ များစွာကပ်ပါလာနိုင်ပြီး သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် သံသကင်းကင်းနဲ့ သင့်အပေါ်အပြည့်အဝယုံကြည်လို့ရမယ့် ယုံကြည်ထိုက်သူတစ်ယောက်အဖြစ် လျှို့ဝှက်ချက်တွေ ၊ ဖုံးကွယ်ခြင်းတွေမရှိပဲ အရိုးသားဆုံးနေဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Naturally Daily