စာဖတ်သူက တနေ့တာမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုယ်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေနေသူတစ်ယောက်လား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းအလွယ်တကူလုပ်နိုင်တဲ့ မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှုလျော့ကျစေမယ့် နည်းလမ်းကောင်းတချို့ကိုမျှဝေပေးထားပါတယ်။
(၁) ပီကေဝါးပါ

Photo : The American Institute of Stress
စိတ်ဖိစီးစရာကိစ္စတစ်ခုခုနဲ့ ကြုံတွေ့ရပြီဆိုရင် ပီကေတစ်ခုသာ အမြန်ဆုံးဝါးလိုက်ပါ။ ပီကေကိုအနည်းဆုံး ၃ မိနစ်လောက်ဝါးပေးသင့်ပါတယ်။ ပီကေဝါးတာက စိတ်ဖိစီးမှုတွေကိုအမြန်ဆုံးပျောက်ကင်းသက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
(၂) သီချင်းနားထောင်ပါ

Photo : Dignited
ဂီတသံစဉ်တွေက စိတ်ဖိစီးမှုတွေကိုလျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကြုံလာတိုင်းမှာ ၁၅ မိနစ်လောက် သီချင်းလေးတွေနဲ့ လွင့်မျောကြည့်လိုက်ပါ။ သင့်ရဲ့စိတ်တွေပြန်လည်အေးချမ်းလာပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးခြင်းတွေလျော့ကျသွားမှာဖြစ်ပါတယ်။
(၃) တရားထိုင်ပါ

Photo : Meic Cymru
စိတ်ဖိစီးမှုလျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲမှာ တရားထိုင်ခြင်းက မပါမဖြစ်ပါပဲ။ တရားထိုင်ခြင်းက သင့်ရဲ့ ပြန့်လွင့်နေတဲ့ စိတ်အာရုံတွေကိုအမြန်ဆုံးပြန်လည်စုစည်းပေးပြီး စိတ်ကိုတည်ငြိမ်အေးချမ်းလာစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
(၄) လှုပ်ရှားလိုက်ပါ

Photo : 123RF.com
စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားပြုလုပ်ပေးတာက မိနစ်ပိုင်းအတွင်းမှာတင် စိတ်ဖိစီးမှုတွေလျော့ကျသွားစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးနေတယ်ဆိုရင် ခဏတဖြုတ်ထပြီးလမ်းလျောက်လိုက်တာမျိုး လှေကားတက်ဆင်းပြုလုပ်တာမျိုး စတဲ့နည်းလမ်းတွေနဲ့ ခန္ဓာကိုယ်ကိုလှုပ်ရှားမှုတစ်ခုခုပြုလုပ်ပေးလိုက်ပါ။
(၅) ချရေးပါ

Photo : Voices.com
သင့်ကိုစိတ်ဖိစီးစေတဲ့အကြောင်းအရာတွေကို စာရွှက်အလွတ်တစ်ခုပေါ်မှာချရေးလိုက်ပါ။ စာရွှက်မှာရေးနေစဉ် အချိန်ခဏလေးအတွင်းမှာတင် သင့်ရဲ့စိတ်ဖိစီးမှုတွေကလျော့ကျသက်သာလာစေမှာဖြစ်ပြီး မကောင်းတဲ့အတွေးများ စိုးရိမ်ပူပန်စိတ်များကို ရှင်းထုတ်ပေးမှာဖြစ်ပါတယ်။
