ဖိနပ်တွေဟာ လူတစ်ယောက်ကို စမတ်ကျစေတဲ့ အဝတ်တန်ဆာထဲမှာ ပါပါတယ်။ ဒါကြောင့် ကိုယ်စီးတဲ့ ဖိနပ်ကို တရိုတသေ ထိန်းသိမ်းဖို့ဆိုတာ အရေးကြီးပါတယ်။ Shoes စီးတတ်တဲ့သူတွေအတွက် ဖိနပ်တစ်ရံကို ဒီလို ထိန်းသိမ်းသင့်ပါတယ်။

(၁) ဘယ်လို သန့်ရှင်းရေး လုပ်မလဲ

Source: pexels

ရေစိုနေတဲ့ အဝတ်နုတစ်ထည်နဲ့ ဖိနပ်အပြင်ပိုင်းကို ငြင်ငြင်သာသာ သုတ်ပေးပြီး ၁၀ မိနစ်လောက် ကြာအောင် အခြောက်ခံထားပါ။ သွားတိုက်တံအဟောင်းတစ်ခုနဲ့ အောက်ခံ Sole ပြားကို ပွတ်တိုက်ပေးသင့်ပါတယ်။ ဖိနပ်အပေါ်ပိုင်းကိုတော့ ဆပ်ပြာလေး ဆွတ်ပြီး ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးရမှာပါ။ ပြီးရင်တော့ အဝတ်ခြောက်နဲ့ ပွတ်တိုက်ပြီး ၁၅ မိနစ်ကြာအောင် အခြောက်ထားပေးရမှာပါ။

(၂) ဖိနပ်အမြန်ခြောက်စေဖို့ ဘယ်လိုလုပ်မလဲ

Source: pexels

အရင်ဆုံး ဖိနပ်အောက်ခံ Insole ပြားကို ဖယ်ရှားပြီး အပြင်မှာ ခြောက်အောင် လှမ်းထားပါ။ ကြိုးတွေ ဖယ်ထားပြီး သတင်းစာစက္ကူအဟောင်းကို လုံးထွေးပြီး Shoes ထဲ ထည့်ထားပါ။ ခြောက်သွေ့တဲ့ နေရာမှာ ထားပြီး အချိန်အတော်လေး ကြာရင်တော့ သတင်းစာလုံးကို ဖယ်လိုက်ပါ။

(၃) ဖိနပ်အနံ့ ဘယ်လို ဖျောက်မလဲ

Source: pexels

Shoes အနံ့က အတော်ဆိုးပါတယ်။ သူ့ကို ဖျောက်ဖို့အတွက် ခြေထောက်ကို မကြာမကြာ ဆေးကြောပေးသင့်ပါတယ်။ အဲဒီလို ဆေးရာမှာလည်း ဘက်တီးရီးယား သေစေနိုင်တဲံ ဆပ်ပြာသုံးပါ။ ခြေအိတ်ကို နေ့တိုင်း တစ်စုံတည်းပဲ ထပ်တလဲလဲ မသုံးသင့်ပါဘူး။ ခြေအိတ်မဝတ်ခင်မှာလဲ ခြေထောက်အနံ့ဆိုးပျောက်စေမယ့် ပေါင်ဒါတစ်ခုခု လိမ်းပေးထားသင့်ပါတယ်။ Shoes ထဲကိုလည်း အနံ့သတ်နိုင်မယ့် စပရေးတစ်ခုခု ဖြန်းနိုင်ပါတယ်။ လက်ဝင်ပေမယ့် ဖိနပ်ထဲက Sole ပြားတွေကို အရက်ပြန်နဲ့ပွတ်တိုက်တာတွေလည်း လုပ်နိုင်ပါတယ်။

(၄) ဖိနပ်ကို ဘယ်လို ပေါလစ်တိုက်မလဲ

Source: pexels

ဖိနပ်အောက်မှာ သတင်းစာစက္ကူတစ်ချို့ထားပြီး ကြိုးတွေ ဖြည်ထားပါ။ ဘရပ်တစ်ခုခုနဲ့ သန့်ရှင်းပေးပြီး အဝတ်ခြောက်နဲ့ သုတ်ပေးရမှာပါ။ ပြီးတာနဲ့ ပေါလစ်ရှ်တိုက်ပေးရမှာပါ။ ပေါလစ်တိုက်ပြီးရင်လည်း မိနစ်အနည်းငယ် အခြောက်ခံထားပြီး အဝတ်သန့်သန့်နဲ့ သုတ်ပေးရမှာ ဖြစ်ပါတယ်။

(၅) ဘယ်လို ကာကွယ်ရမလဲ

Source: pexels

ပေါလစ်တိုက်ခါနီး လုပ်သလိုမျိုး သန့်ရှင်းရေး လုပ်ပြီးတာနဲ့ Shoe Protector စပရေး ဖြန်းပါ။ ဖြန်းပြီးရင်လည်း ချက်ချင်း မစီးသင့်ဘဲ အနည်းဆုံး မိနစ် ၃၀ အခြောက်ထားရမှာ ဖြစ်ပါတယ်။ ဖိနပ်ကို သိမ်းရာမှာလည်း ခြောက်သွေ့တဲ့ နေရာမှာ သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။