ကိုယ်နဲ့အရင်းနှီးဆုံးသူငယ်ချင်းကို “ငါမင်းအတွက်ဘာပေးလုပ်ရမလဲ” ဆိုတာမျိုး kwee ပရိသတ်တွေ မေးဖူးကြမယ်ထင်ပါတယ်။ သူငယ်ချင်းတစ်ယောက် စိတ်ဓာတ်ကျအားငယ်နေချိန်မှာ အားပေးနှစ်သိမ့်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒါပေမယ့် သူတို့လိုအပ်နေတဲ့ အချိန်အနားမှာရှိပေးပြီး အားပေးနေမယ်ဆိုရင် သူတို့တွေရဲ့စိတ်ထဲမှာ သင့်ဟာ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ အမှတ်ရသွားပါလိမ့်မယ်။ ဒီနေ့ kwee page က စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေကို ဘယ်လိုအားပေးနှစ်သိမ့်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

လက်ဖြင့်ရေးထားတဲ့ စာပို့ပေးပါ

Source: PInterest

စာရွတ်လှလှလေးပေါ်မှာ သူငယ်ချင်းအတွက် မင်လှလှလေးနဲ့ ကိုယ်တိုင်စာရေးပြီးပို့ပေးပါ။ အရေးကြီးဆုံးကတော့ သင်ရေးလိုက်တဲ့စာဟာ သူငယ်ချင်းမျက်နှာပေါ်မှာ အပြုံးပန်းပေါ်လာစေမယ့် စာမျိုးဖြစ်ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင်က သူ့အတွက်တွေးပေးရာရောက်ပါတယ်။

အိမ်မှုကိစ္စကူလုပ်ပေးတာ (သို့) ဈေးဝယ်ထွက်ပေးတာတွေ လုပ်ပေးပါ

Source: Lifestyle

အဝတ်လျှော်တာ၊၊ ဈေးထွက်ဝယ်ပေးတာ၊ အိမ်သန့်ရှင်းရေးကူလုပ်ပေးတာက စိတ်ဓာတ်ကျနေတဲ့သူ အားငယ်နေတဲ့လူကို အားပေးနှစ်သိမ့်ရာရောက်ပါတယ်။ ဒီလိုတွေလုပ်ပေးမယ်လို့ သူ့တို့အနေနဲ့ထင်ထားချင်မှထင်ထားပါ လိမ့်မယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သူတို့တွေက သင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။

ပျော်ရွှင်စေတဲ့ (သို့) မျှော်လင့်ချက်တွေရှိလာစေတဲ့ သီချင်းတွေပို့ပေးပါ

Source: Symphonice Blog

တစ်ခါတစ်လေ အတွေးတွေကို စကာလုံးစီပြီး ပြောရတာက ခက်ခဲပါတယ်။ သင့်အတွေးနဲ့ ကိုက်ညီတဲ့ သီချင်းတွေ (သို့) အကြိုက်ဆုံးသီချင်းတွေ (သို့) သူငယ်ချင်းကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ သီချင်းတွေကို ပို့ပေးလိုက်ပါ။ သီချင်းက လူတစ်ယောက်ရဲ့ ခံစားချက်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

ဖုန်းပြောပေးပါ

Source: Sue Scheff Blog

“Like” တွေ “emoji” တွေသာ ပေးတတ်တော့တဲ့ ဒီနေ့လိုခေတ်ကြီးမျိုးမှာ ဖုန်းခေါ်ဆိုမှုက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို မေ့နေကြတယ်။ မိနစ် (၃၀) ခန့် ဖုန်းပေါ်ကနေ စကားပြောပေးခြင်းက စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတစ်ယောက်ကို စိတ်ချမ်းသာရာရစေပါတယ်။

အတူ အပြင်ထွက်ပါ

Source: Bustle

စိတ်ညစ်နေချိန်မှာ သူငယ်ချင်းဖြစ်သူက အိမ်ထဲမှာပဲ နေချင်မှာပါ။ ဒါကြောင့် သင်ကသူ့ကို ရုပ်ရှင်ကြည့်ဖို့၊ လမ်းလျှောက်ထွက်ဖို့၊ ညစာထွက်စားဖို့၊ အားကစားလုပ်ဖို့ ခေါ်ထုတ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းကြောင့် တစ်ယောက်တည်းငေးငိုင် စိတ်ညစ်နေတာမျိုးမဖြစ်စေတော့ဘဲ အပြင်လောကရဲ့သာယာမှုအောက်မှာ စိတ်ကြည်လင်မှုကို ခံစားရစေမှာပါ။