ဘယ်သူမဆို အချစ်ရေးမှာ ကံကောင်းချင်ကြတာပါပဲ။ ကိုယ်နဲ့ တစ်သက်လုံးအတူ ဒုက္ခသုက္ခတွေကို လက်တွဲရင်ဆိုင်မယ့် အချစ်စစ်အချစ်မှန်ကို ပိုင်ဆိုင်ဖို့ဆိုတာကတော့ ဆုလာဘ်ကြီးလို့ ဆိုနိုင်ပါတယ်။ အချစ်ကြောင့် အမြဲပျော်ရွှင်စိတ်ချမ်းသာချင်တယ် ၊ ဘဝမှာ ဘာကြုံကြုံ ကိုယ့်အနားမှာ အတူအားပေးမယ့်သူနဲ့ နေချင်တယ်ဆိုရင် မှန်ကန်တဲ့ ဘဝလက်တွဲဖော် ရွေးချယ်နိုင်ဖို့ လိုပါတယ်။
တကယ်လို့ သင်ကြုံတွေ့ရတဲ့ ချစ်သူတွေထဲမှာ ဒီအချက်တွေနဲ့ ပြည့်စုံရင် မှန်ကန်တဲ့ ဘဝလက်တွဲဖော်နဲ့ တွေ့ပြီလို့ သတ်မှတ်နိုင်ပါတယ်။

(၁) တူမျှတဲ့ ဝါသနာတွေ ရှိသင့်တယ်

Happy Couple

Photo: Unsplash

တစ်ယောက်နဲ့တစ်ယောက်အကြား တူညီတဲ့ စိတ်ဝင်စားမှုလေးတွေရှိနေတာဟာ သံယောဇဉ်တွေ ပိုခိုင်မာစေတဲ့အချက် ဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေမှာတောင် ဝါသနာတူရင် ရေရှည်မိတ်ဆွေတွေအဖြစ် အတူ လက်တွဲဖြစ်ဖို့ အလားအလာများလေလေပါပဲ။ ကိုယ့်ဘဝကို တစ်ယောက်ယောက်နဲ့ အတူ ဖြတ်သန်းကုန်ဆုံးစေတော့မယ်လို့ ဆုံးဖြတ်ထားရင် နှစ်ဦးအကြားမှာ အကြိုက်တူ /စရိုက်တူမှုတွေ များရဲ့လားဆိုတာ အရင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ဉာဏ်ရည်ချင်း မျှတယ်

Couple holding each other

Photo: Unsplash

လက်ထပ်ဖို့အထိ စဉ်းစားထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပညာချင်း ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အတွေးအခေါ်ချင်း မတိမ်းမယိမ်းရှိတဲ့သူ ဖြစ်တဲ့သူမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘဝတစ်ခုလုံးကို ဖြတ်သန်းရာမှာ အတွေးအခေါ်တွေ ဖီလာဖြစ်ပြီး အမြင်ချင်း ကန့်လန့်ဖြစ်နေရင် အဆင်ပြေ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ မလွယ်ပါဘူး။

(၃) အပြန်အလှန်လေးစားမှုရှိတယ်

Couple In Sunset

Photo: Unsplash

ဘဝလက်တွဲဖော်အထိ ရည်ရွယ်တဲ့ ကောင်မလေးတစ်ယောက်ဟာ သင့်ကို လေးစားမှု ၊ အထင်ကြီးမှုရှိတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အပြန်အလှန်လေးစား ယုံကြည်တဲ့ ဆက်ဆံရေးကပဲ တစ်သက်လုံးအတွက် ရေရှည်ခိုင်မြဲတဲ့ ဘဝတစ်ခုတည်ဆောက်ရေးကို သွားနိုင်မှာပါ။ ဒါကြောင့် သင့်ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်တွေကို လေးစားမှုရှိပြီး သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့ကောင်မလေးမျိုးနဲ့ပဲ ရှေ့ခရီးဆက်ပါလို့ ပြောချင်ပါတယ်။

(၄) စိတ်ချယုံကြည်မှုရှိတယ်

Couple In Love

Photo: Unsplash

သံသယများပြီး စိတ်သဘောထား နုတဲ့ အမျိုးသမီးကို ချစ်မိတာလည်း ကျိန်စာပါပဲ။ ကမ္ဘာပေါ်က ပျက်စီးပြိုကွဲသွားတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိကအကြောင်းရင်းထဲမှာ အချင်းချင်း မယုံစိတ်တွေ ၊ သံသယနဲ့ သဘောထားသေးသိမ်မှုတွေက အဓိက အချက်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လက်တွဲဖော်ရွေးမယ်ဆိုရင် သင့်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးကို ရွေးချယ်ဖို့ ပြောချင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ဖြည့်စွက်ပြောရရင် သစ္စာတရားကို အလေးထားသူဖြစ်ဖို့ပါပဲ။ သင့်ကို စိတ်ချယုံကြည်တဲ့ သင့်က စိတ်ချယုံကြည်ပြီး ပုံအပ်နိုင်တဲ့ လက်တွဲဖော်မျိုး ဖြစ်မှပဲ အချစ်ခရီးချမ်းမြေ့မှာပါ။

Featured Photo: lifeandtrendz