ဖိအားဆိုတာရောဂါမဟုတ်ပေမယ့် သေစေနိုင်တဲ့ အကြောင်းတရား ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဖိအားများတဲ့ လူမှူပတ်ဝန်းကျင်မှာ နေထိုင်နေကြတာ ဖြစ်ပြီး ဖိအားအနည်းအကျဉ်းဟာ လူကိုပိုပြီး တိုးတက်စေနိုင်ပေမယ့် ဖိအားအလွန်များလာရင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာမျိုးစုံ ခံစားစေနိုင်ပါတယ်။ ဒါကြောင့် ဖိအားကို ကောင်းကောင်းကိုင်တွယ် အသုံးချဖို့လိုပါတယ်။ ဒီအတွက်လူတိုင်းလိုက်နာနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
အရင်ဆုံးကိုယ်ကြုံနေတဲ့ ဖိအားကို သေသေချာချာ သိအောင်လုပ်ပါ။ မပျော်တဲ့ အလုပ်မှာ လုပ်နေရတာကြောင့်လား။ ဒါဆိုအလုပ်သစ်ရှာဖို့ အချိန်ပေးပြီး ဖိအားကိုလမ်းလွဲှလို့ရပါတယ်။ ဖိအားကိုလမ်းလွဲှဖို့အတွက် နည်းလမ်းတွေထဲမှာ အရေးပါတဲ့နည်းလမ်းတစ်ခုက ကိုယ်ကြုံနေရတဲ့ စိတ်ဖိစီးစရာ အနေအထားကို ကိုယ်လိုချင်တဲ့ရှူထောင့်ဖြစ်အောင် ပြောင်းလိုက်ဖို့ပါပဲ။

Source : Freepik
ဒီနည်းလမ်းဟာ နည်းနည်းသိမ်မွေ့ပါတယ်။ တစ်ချို့အလုပ်တွေမှာ မပျော်ပေမယ့်ဝင်ငွေအရလုပ်နေရတာတွေရှိမယ်။ တစ်ချို့သူဌေးတွေကဖိအားသိပ်ပေးပြီး ညှာတာမှူနည်းတဲ့ သူဌေးတွေ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ဖိအားကို ရှင်းဖို့အတွက် ကိုယ့်တာဝန်လို့ပဲ သဘောထားရပါမယ်။လိုအပ်ရင် အလုပ်ထွက်ပြီး ဘဝသစ်တည်ဆောက်ပါ။ ဖိအားကြောင့် ဘဝကို အနစ်မွန်းမခံသင့်ပါဘူး။
တစ်ခါတစ်လေကိုယ့်အတွက် ဖိအားဖြစ်နေတဲ့ အရာတွေမှာ တကယ်ချီးကျူးစရာ ၊ ကျေးဇူးတင်စရာတွေ ပါဝင်တတ်ပါတယ်။ ကျွန်တော်တို့မှာ ကျေးဇူးတင်စိတ် ၊ အကောင်းမြင်စိတ်နဲ့သင့်တင့်မျှတတဲ့ သဘောထားတွေ ရှိလာပြီဆိုရင် စိုးရိမ်သောကနဲ့စိတ်ဖိစီးမှူအတွက် နေရာရှိမှာ မဟုတ်ပါဘူး။ကိုယ့်ရဲ့ အားနည်းချက်ကြောင့် ဖိအားဖြစ်နေသလား။ ဒါဆိုဒီအားနည်းချက်ကို ပြင်ရတော့မှာပါ။ နောက်တစ်ချက်က ကိုယ့်မှာဘာတွေ အားသာချက်ရှိသလဲ။ အဲဒီအားသာချက်ကို ဘယ်လို အသုံးချပြီး ကိုယ့်အတွက် လှေကားဖြစ်အောင် လုပ်နိုင်မလဲ ဆန်းစစ်နေဖို့လိုပါတယ်။
အလုပ်တွေကို နေသားတကျ ဆောင်ရွက်ပြီးစီးခြင်းဟာ စိတ်ဖိစီးမှူကို သက်သာစေမှာပါ။ လူဟာ နားရမယ့် အချိန်နဲ့သွားရမယ့် အချိန်ကိုသိနေရင် Energy ကုန်တာသက်သာပါတယ်။ ဒီနေ့အတွက် To Do List ဆွဲဖို့လိုသလို မနက်ဖြန်အတွက်လည်း တတ်နိုင်သမျှ ပြင်ဆင် ၊ ကိုယ့်အတွက်လည်း ကိုယ်ပိုင်အချိန်ရှာဖွေထားရင် အများကြီး စိတ်သက်သာရာရစေမှာပါ။

Source : Freepik
အားကစား ရဲ့ အဓိပ္ဗါယ်ထဲမှာ ကိုယ်လက်ကျန်းမာကြံ့ခိုင်ခြင်း ၊ စိတ်ဓါတ်အင်အား တက်လာစေခြင်းအပြင် လူတွေနဲ့ပူးပေါင်းဆက်သွယ်ပြီး လှူပ်ရှားခြင်းဆိုပြီး ကောင်းကျိုးတွေ အများကြီး ပါပါတယ်။စိတ်ဖိစီးမှူ များနေတဲ့သူဟာ ဆေးလိပ် ၊ အရက်နဲ့မူးယစ်ဆေးဝါးတွေ သုံးစွဲမယ်ဆိုရင် ဘဝပျက်ပြီး ရောဂါထူပြောဖို့ပဲ ရှိပါတယ်။
Body Building တည်ဆောက်ပြီး စိတ်ဓါတ်ရေးရာမှာလည်း ထက်သန်တက်ကြွစေဖို့ကိုယ့်ကိုယ်ကို ကတိပြုပါ။ ယောဂလိုမျိုး အိမ်ထဲမှာတင် ၊ အလုပ်ခွင် စားပွဲကုလားထိုင်မှာတင် လုပ်နိုင်မယ့် စိတ်ငြိမ်းချမ်းကြောင်း အလေ့အကျင့်တွေကိုလည်း ပုံမှန်လုပ်နေမယ်ဆိုရင် စိတ်ဖိစီးမှူကို အနိုင်ယူနိုင်မှာပါ။
