ချစ်သူစုံတွဲတိုင်းမှာ အမြဲလိုလို စိန်ခေါ်မှုလေးတွေ ရှိကြစမြဲပါ။ အချိန်တိုင်း အဆင်ပြေပျော်ရွှင်နေဖို့ မလွယ်သလို တစ်ခါတစ်လေမှာ ငြင်းခုန်မှုတွေ ၊ စိတ်ပင်ပန်းစရာတွေလည်း ရင်ဆိုင်ရတက်ပါတယ်။ ဒီတော့ ကွီးတို့အနေနဲ့ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုမှာ တက်နိုင်သလောက် စိတ်ပင်ပန်းမှုတွေ နည်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုသာ သေချာလိုက်နာကြည့်ပါ။

(၁) အတွေးလွန်နေတာတွေရပ်လိုက်ပါ

Couple in conflict
Photo : Reader’s Digest

အတွေးလွန်ခြင်းရဲ့နောက်မှာ သံသယတွေက အမြဲပါလာတက်တာပဲ မဟုတ်လား။ ချစ်သူနှစ်ဦးကြားမှာ သံသယတွေများလာရင် ပျော်ရွှင်ချိန်တွေ ပျက်စီးရတက်ပါတယ်။ အေးချမ်းမှုတွေနဲ့ ပျော်ရွှင်ရတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆို ကိစ္စတိုင်းမှာ အတွေးလွန်နေတာတွေ ရပ်လိုက်ဖို့ အကြံပြုပါရစေ။

(၂) သင်ခန်းစာယူပါ

Young Unhappy Couple Having Problems In Relationship
Photo : The Healthy

Relationship တိုင်းက အမြဲတမ်း စင်းလုံးချော အဆင်ပြေချောမွေ့နေဖို့ မဖြစ်ပါနိုင်ပါဘူး။ တစ်ချို့အချိန်တွေမှာ အဆင်ပြေတာ ၊ ရန်ဖြစ်စကားများတာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ အကောင်းဆုံးဖြေရှင်းတက်ဖို့လိုပြီး ဒုတိယအကြိမ်ဒီလိုအမှားမျိုး ပြဿနာမျိုးဖြစ်မလာအောင်လည်း သင်ခန်းစာယူသင့်ပါတယ်။ ဒါဆို သင်တို့နှစ်ဦးကြားပြဿနာနည်းပြီး ကျန်းမာတဲ့ Healthy Relationship တစ်ခုတည်ဆောက်နိုင်ပါလိမ့်မယ်။

(၃) ပုံသွင်းဖို့ မကြိုးစားပါနဲ့

Relationship Difficulties
Photo : iStock

လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပုံသွင်းယူလို့ မရနိုင်ပါဘူး။ ကိုယ်ဖြစ်စေချင်တဲ့ပုံစံကိုအတင်းပုံသွင်းယူဖို့ကြိုးစားတာဟာ ကိုယ့်ပါတနာအပေါ်လေးစားရာမရောက်သလို စိတ်ပင်ပန်းစရာတွေပေးရာလည်း ရောက်ပါတယ်။ ကိုယ်တိုင်လည်း မျှော်လင်သလိုဖြစ်မလာတဲ့အခါ စိတ်ပင်ပန်းစရာတွေ ကြုံရတာပေါ့။ ကိုယ်ချစ်သူရဲ့ပုံစံအမှန်အတိုင်းကိုပဲ လက်ခံဖို့ကြိုးစားသင့်တာပါ။

(၄) ခံစားချက်တွေ မျှဝေပါ

Adult couple talking at a table in a coffee shop
Photo : Unsplash

ခံစားချက်လေးတွေ အပြန်အလှန်မျှဝေတာဟာ တစ်ယောက်ပေါ်တစ်ယောက် ပိုမိုနားလည်စေနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ရာမှာ အရေးပါပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် နားလည်လာတာနဲ့အမျှ နားလည်မှုလွဲတာတွေ စိတ်ပင်ပန်းစရာပြဿနာတွေ နည်းသွားစေပြီး ရင်ဘတ်ချင်းနီးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံစားချက်လေးတွေမျှဝေရင်း တစ်ယောက်ရင်ထဲတစ်ယောက်ဝင်ကြည့်နိုင်အောင်ကြိုးစားပါ။

Featured Photo : Evidence-Based Therapy Centre