အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ဒါ့ထက်ပိုခက်တာက ရရှိလာတဲ့အောင်မြင်မှုကို ရေရှည်တည်မြဲအောင် ထိန်းထားနိုင်ခြင်းပါပဲ။ဒီနေ့မှာတော့ သင့်ဘဝမှာရရှိလာတဲ့ အောင်မြင်မှုတွေကို အချိန်ခဏလေးအတွင်းမှာပျောက်ကွယ်မသွားစေဖို့ လိုက်နာရမယ့်အချက်တွေကိုပြောပြပေးချင်ပါတယ်။

(၁) ကြိုးစားမှုကိုမရပ်လိုက်ပါနဲ့

Source : Strategis Consulting

ဘဝမှာအောင်မြင်တဲ့အတိုင်းအတာတစ်ခုရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြရမယ်ဆိုတာ သေချာပါတယ်။ဒါပေမယ့် အောင်မြင်မှုရတာနဲ့ သင်ကြိုးစားမှုကိုရပ်လိုက်မယ်ဆိုရင် ရေရှည်မှာဆက်ပြီးအောင်မြင်ဖို့ဆိုတာ မသေချာပါဘူး။ဒါကြောင့် အောင်မြင်မှုရခဲ့သည်တိုင်အောင် ကိုယ်ကြိုးစားမြဲတိုင်း ဆက်လက်ကြိုးစားပါ။

(၂) ကိုယ့်ကိုယ်ကိုနှိမ့်ချတက်ပါစေ

Source : Wealthy Affiliate

လူအများစုဟာ ကိုယ့်ဘဝမှာအတိုင်းအတာတစ်ခုအထိ အောင်မြင်သွားပြီးတယ်ဆိုရင် အောက်ချေလွတ်သွားတက်ကြပါတယ်။ဒါဟာ အချိန်မရွေးပြန်ပြီး ကျရှုံးနိုင်တဲ့လမ်းစတစ်ခုလို့ဆိုလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုအောင်မြင်နေပြီဆိုပြီး ဘဝင်မြင့်မနေသင့်ပါဘူး။ အောင်မြင်မှုရဖို့ဘယ်လောက်ကြိုးစားခဲ့ရတယ် အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ မမေ့မှသာ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုကိုပြန်ကျမသွားအောင် သတိပြုဆင်ခြင်မိမှာပါ။

(၃) လှေကားထစ်တွေလို့မှတ်ယူပါ

Source : A Man’s Quest

အောင်မြင်မှုတိုင်းကို အဆုံးသတ်ပန်းတိုင်လို့တွေးလို့မရပါဘူး။ ရှေ့မှာဒီထက်ပိုကောင်းတဲ့ အခွင့်အရေးတွေရှိတယ်ဆိုတာသတိရပါ။ကိုယ့်ဘဝမှာရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းကို လှေကားတစ်ထစ်ကျော်ဖြတ်နိုင်ခဲ့တယ်လို့ပဲတွေးပါ။ရှေ့မှာဆက်လက်ကျော်ဖြတ်ရမယ့်အရာတွေ ပိုကောင်းတဲ့အနာဂတ်တွေရှိနေပါတယ်။ဒါမှသာ အောင်မြင်မှုကိုရေရှည်ထိန်းထားနိုင်ပြီး စဉ်ဆက်မပြတ်ဆက်ကြိုးစားနေမိမှာပါ။