စိတ်ခံစားမှု ကိုင်တွယ်နိုင်စွမ်းကို Soft Skills လို့ ခေါ်ကြပါတယ်။ Soft Skills ကောင်းခြင်းဟာ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်မှာ အောင်မြင်ဖို့ အားကောင်းတဲ့အညွှန်းတစ်ခုအဖြစ်လည်း ဖော်ပြလေ့ရှိပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်းရောက်အောင်မြင်သူတွေဟာ ဉာဏ်ရည်ထက် စိတ်ခံစားမှုစွမ်းရည်မြင့်တဲ့လူတွေ ဖြစ်တာများပါတယ်။ စိတ်ခံစားမှုမြင့်မားခြင်းဟာ ယောင်္ကျားကောင်းတွေရဲ့လက္ခဏာဆိုလည်း မမှားပါဘူး။ ဒီတော့ စိတ်ခံစားချက်ကို အကောင်းဆုံးထိန်းချုပ်ပြီး ဘဝကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ လူတိုင်းလိုက်နာနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) မကောင်းတဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ

Control Your Negative Emotions

Photo: Unsplash

Negative Emotions လို့ခေါ်တဲ့ အဆိုးမြင်တဲ့ စိတ်ခံစားချက်တွေ ဝင်လာရင် ခေါင်းထဲက ထုတ်တတ်ဖို့ ၊ ခေါင်းထဲ ရောက်လာတဲ့အခါ ဓမ္မဓိဌာန်ကျကျရှုမြင်တတ်ပြီး အဖြေရှာတတ်တဲ့အကျင့်လုပ်ပါ။ ကောင်းတာ ဘာရှိသလဲ။ အဆိုးတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ ပြဿနာအတွက် အဖြေက ဘာလဲဆိုတာကို ဦးတည်ပြီး ဖြေရှင်းကြည့်ပါ။တရားထိုင်တဲ့ အလေ့အကျင့်မွေးပြီး အမြင်ပြောင်း ကြည့်တတ်ဖို့ လိုပါတယ်။

(၂) အသုံးအနှုန်းတွေ သတိထားပါ

choose your vocabulary

Photo: Unsplash

သင်သုံးတဲ့ ဝေါဟာရတွေက သင့်စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိတာကြောင့် စကားပြောတိုင်း စကားလုံးတွေကို အကောင်းမြင်တဲ့ဘက်ရောက်တဲ့ အသုံးအနှုန်းမျိုး ရွေးသုံးပါ။ လုပ်ငန်းခွင်လို နေရာမျိုးမှာ အားကောင်းတဲ့ဆက်ဆံရေးသမားတစ်ယောက် ဖြစ်လာဖို့ အာရုံစိုက်ပါ။ Emotional ပိုင်း ဉာဏ်ရည်မြင့်တဲ့လူတွေဟာ ထိရောက်တဲ့ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ သီးသန့်စကားလုံးတွေ ရွေးသုံးတတ်ပါတယ်။

(၃) ကိုယ်ချင်းစာစိတ် ထားပါ

man and sunset

Photo: Unsplash

စကားလုံးနဲ့ပဲဖြစ်ဖြစ် စကားလုံးမပါဘဲ လက်ဟန်ခြေဟန်အမူအရာနဲ့ဖြစ်ဖြစ် ဆက်ဆံရာမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ခံစားချက်ကို စာနာနားလည်စိတ်နဲ့ ရှုမြင်ဆက်ဆံတဲ့အကျင့် လုပ်ကြည့်ပါ။ တစ်ဖက်လူဘက်က အမြင်နဲ့ မြင်တတ်တဲ့ အလေ့အကျင့်လုပ်ပါ။ စာနာစိတ်နဲ့ နေထိုင်ခြင်းဟာ စိတ်ခံစားချက်မြင့်မားတဲ့လူတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၄) ကြေကွဲစရာတွေကနေ ရုန်းထပါ

Man standing

Photo: Unsplash

Emotion ကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့လူတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း လုပ်သင့်တဲ့အကျင့်တစ်ခုက ဒုက္ခနဲ့ ဆင်းရဲမှုတွေ ကြုံတိုင်း ပြန်နိုးထတဲ့အကျင့် လုပ်ဖို့ပါပဲ။ လူတိုင်းဟာ တချိန်မဟုတ်တချိန် စိန်ခေါ်မှုတွေ ကြုံလာတတ်ပါတယ်။ ကြုံလာတဲ့စိန်ခေါ်မှုတွေတိုင်း မပြိုလဲတဲ့ ချန်ပီယံစိတ်နဲ့ ရုန်းထတဲ့အကျင့် လုပ်ပါတယ်။ ကြေကွဲစရာတွေကနေ ရုန်းထွက်နိုင်ဖို့ဆို Complain တက်မယ့်အစား အကောင်းမြင်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းရှာဖို့ အပြုသဘောဆောင်တဲ့ မေးခွန်းတွေမေးပြီး ရှေ့ရေးကို ဖြတ်သန်းသင့်ပါတယ်။

Featured Photo: Business