ရှေးတုန်းကတော့ ယောင်္ကျားတစ်ယောက်အတွက် အမာရွတ်ရှိတာဟာ ဂုဏ်ယူစရာလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း အခုခေတ်မှာတော့ လူအတော်များများဟာ အမာရွတ်ကို ဘယ်လိုပျောက်အောင် လုပ်လို့ရမလဲပဲ ပိုပြီး သိချင်ကြပါတယ်။ အခုပြောမယ့် အိမ်တွင်းနည်းလမ်းလေးတွေက အထိုက်အလျောက် အထောက်အကူဖြစ်ပါလိမ့်မယ်။

(၁) ရှားစောင်းလက်ပတ်

Photo: Unsplash

ရှားစောင်လက်ပတ်ကအတွင်းသားလေးတွေက အမာရွတ်ပျောက်ဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ အထဲက Gel လေးတွေ ထုတ်ပြီး အမာရွတ်ပေါ်ကို စက်ဝိုင်းပုံစံ ပွတ်ပေးရမှာပါ။ နာရီဝက်လောက် ထားပြီးရင် ရေအေးအေးနဲ့ ဆေးပေးပါ။ ဒါကို တစ်ရက် ၂ ကြိမ် လုပ်နိုင်ပါတယ်။

(၂) ဗိုက်တာမင်အီး

Photo: Freepik

ဗိုက်တာမင်အီး ဆေးတောင့်လေးတွေနဲ့လည်း အမာရွတ်သက်သာအောင် ကုလို့ရပါတယ်။ ဗိုက်တာမင်အီး ဆေးတောင့်ထဲက အဆီကို အမာရွတ်နဲ့ တစ်ဝိုက်မှာ လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်ပေးရမှာပါ။ မိနစ် ၂၀ လောက် ဒီအတိုင်း ထားပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးချပေးရမှာပါ။ ဒီနည်းနဲ့ အနည်းဆုံး တစ်နေ့ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီ

Photo: Unsplash
အုန်းဆီကို လက်ဖက်စားဇွန်းအနည်ငယ်ခန့်ယူပြီးခပ်နွေးနွေးလေး ဖြစ်အောင် အပူပေးပါ။ ပြီးတာနဲ့ အမာရွက်ပေါ်မှာ လိမ်းပြီး ၁၀ မိနစ်ခန့် ပွတ်သပ်နှိပ်နယ်ပေးပါ။ အသားထဲ စိမ့်သွားအောင် အနည်းဆုံး ၁ နာရီခန့် ထားပေးပါ။ သူကလည်း တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

(၄) အာလူး

Photo: Unsplash

အာလူးကို အနေတော်အထူနဲ့ အခြမ်းလေးတွေ လှီးဖြတ်ပြီး အမာရွတ်ပေါ် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ခြောက်သွားရင် နောက်ထပ် အာလူးခြမ်းသစ်တစ်ခုနဲ့ ထပ်ပြီး ပွတ်တိုက်ပေးပါ။ ပြီးတာနဲ့ မိနစ် ၂၀ ခန့်ကြာအောင် အမာရွတ်ပေါ် အာလူးပြားအုပ်ထားပါ။ ပြီးတာနဲ့ ၁၀ မိနစ်ခန့် လေသလပ်ခံပြီးရင် ရေအေးအေးနဲ့ ဆေးချပေးဖို့ လိုပါတယ်။