ခြေထောက်အနံ့ဆိုးထွက်ခြင်းက ရှက်စရာကောင်းတဲ့ အရေးပြားကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ခြေထောက်အနံ့ဆိုးတွေကို မခံနိုင်ဘူး ပျောက်ကင်းအောင်လုပ်ချင်တယ်ဆိုရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ အခုဆောင်းပါးမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကို စနစ်တကျလိုက်နာကျင့်သုံးကြည့်လိုက်ပါ။

စီးရမယ့်ဖိနပ်ကို သေချာရွေးချယ်ပါ

Source: The Krazy Coupon Lady

လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာရွေးချယ် စီးနင်းပါ။ နေ့စဉ် ဖိနပ်တစ်ရံကိုသာ စီးဖြစ်တယ်ဆိုရင်တော့ ဒီအကျင့်ကို ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖိနပ်မှာ ချွေးတွေကပ်နေနိုင်တာကြောင့် ခြောက်သွားအောင် ထားဖို့ကအရေးကြီးပါတယ်။

အမြဲတမ်းခြေအိတ်ဝတ်ထားပါ

Source: Foundation for economic education

ရှုးဖိနပ်စီးတဲ့အခါမှာ ခြေအိတ်မဝတ်ခြင်းက ခြေထောက်အနံ့ဆိုးထွက်ရခြင်းရဲ့ အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ ရှုးဖိနပ်တွေကို ခြေအိတ်မပါဘဲ စီးခြင်းက ဘတ်တီးရီးယားတွေကို ခြေထောက်အရေပြားနဲ့ ထိတွေ့စေတာကြောင့် အမြဲတမ်းခြေအိတ်ဝတ်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။

ခြေထောက်ဆေးပါ

Source: Know Your Meme

အပြင်သွားပြီး အိမ်ပြန်လာတာနဲ့ ခြေထောက်ဆေးတဲ့ အကျင့်လုပ်ထားပေးပါ။ မနက်ခင်းရေချိုးပြီးတာနဲ့ ခြေထောက်တွေကို ခြောက်သွေ့အောင်ထားပါတယ်။ စိုစွတ်တဲ့နေရာတွေက ဘတ်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ခြေချောင်းကြားတွေကို ခြောက်သွေ့အောင်ထားဖို့ လိုအပ်ပါတယ်။

အရေပြားအသေတွေကို ဖယ်ရှားပါ

Source: Healthline

ခြောက်ပြီးတော့ သေနေတဲ့အရေပြားတွေက ဘတ်တီးရီးယားတွေ ပေါက်ဖွားစေပါတယ်။ ဒါ့ကြောင့် တစ်ပက်တစ်ကြိမ်ခန့် ခြေထောက်ပေါ်က အရေပြားအသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

ခြေထောက်ရေစိမ်ပေးပါ

Source: beauty minute

ခြေထောက်ကနေ ပုံမှန်မဟုတ်တဲ့ အနံ့တွေ ရနေပြီဆိုရင် ခြေထောက်ရေစိမ်ပေးဖို့ လိုအပ်နေပါပြီ။ ပန်းသီးအရက်ရှာလကာရည်က ဘတ်တီးရီးယားတွေကို သေစေတာကြောင့် ရေထဲထည့်ပြီး ခြေထောက်စိမ်ထားပေးပါ။ တစ်ပက်ကို (၁၀-၁၅) မိနစ်ခန့် ခြေထောက်အနံ့ပျောက်အောင် ခြေထောက်ကိုရေစိမ်ပေးဖို့ အကြံပေးပါရစေ။