ဒီရက်ပိုင်း သိသိသာသာ နွေရာသီရဲ့ ပူပြင်းမှုဒဏ်ကို ခံစားလာကြရပါတယ်။ အပူချိန်ပြင်းထန်လာတာနဲ့ အမျှ နေမကောင်းဖြစ်တာတွေ အားအင်ကုန်ခမ်း နွမ်းနယ်တာမျိုးတွေ မျိုးစုံကိုဖြစ်တက်ပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့ ဒီတစ်ခေါက်မှာတော့ နွေရာသီရဲ့ အပူကိုအံ့တုပြီး ကျန်းမာစွာနေထိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရေဓာတ်ဖြည့်ပါ

Source : Showbiz Cheat Sheet

နွေရာသီမှာ ချွေးနဲ့ ရေဓာတ်ဆုံးရံှုးမှုက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ထိုင်နေရင်းတောင် ချွေးပေါက်ပေါက်ကျတဲ့ အပူဆုံးအချိန်တွေမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးပါတယ်။ ဒါကြောင့်ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေရင် မောပန်းနွမ်းနယ်မှုတွေကိုသက်သာစေပြီး အားအင်ပြည့်ဝလန်းဆန်းနေစေမှာဖြစ်ပါတယ်။

အစိမ်းရောင်အသီးအနှံတွေစားပါ

Source : WellFest

အစိမ်းရောင်အသီးအနှံတွေက လက်ဆတ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တာကြောင့် နွေရာသီလို အပူဓာတ်လွန်ကဲတဲ့ရာသီအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ သဘာဝသစ်သီးဝလံတွေ သစ်သီးဖျော်ရည်တွေက နွေအပူရှိန်ကိုအကောင်းဆုံးလျော့ချပေးပြီး ကျန်းမာရေးနဲ့လည်းညီညွတ်စေတာကြောင့် ကလေးလူကြီး စားသုံးပေးသင့်ပါတယ်။

အသားအရေထိန်းသိမ်းပါ

Source : HealthBuffet

နွေရာသီမှာ ခန္ဓာကိုယ်ကျန်းမာရေးကို အလေးထားသင့်သလို အရေးပြားကျန်းမာရေးကလည်း မေ့မထားသင့်ပါဘူး။အပြင်ထွက်တော့မယ်ဆိုရင် ကိုယ်ရဲ့ အသားရေကို နေလောင်ခြင်းမှ ကာကွယ်နိုင်စေဖို့ UV ပါတဲ့နေလောင်ကာခရမ်င်အမြဲ လိမ်းပေးသင့်ပါတယ်။ဒါမှလည်း အသားအရေးပျက်စီးမှုဒဏ်လျော့ကျစေပြီး အရေးပြားဆိုင်ရာပြဿနာတွေမှကင်းဝေးမှာဖြစ်ပါတယ်။

ကောင်းစွာအိပ်စက်အနားယူပါ

Source : Shutterstock

ရာသီဥတုအရမ်းပူတဲ့အခါ များသောအားဖြင့် ခေါင်းကိုက်တာ မူးဝေမောပန်းတာ အားမရှိသလိုခံစားရတာမျိုးတွေ ဖြစ်တက်ပါတယ်။ဒီလိုအချိန်မှာ ရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်ဖို့ ကိုယ်ခံအားမြှင့်နေဖို့ အရေးကြီးပါတယ်။ညဘက်တွေကို ညဉ့်နက်တဲ့အထိမနေဘူး စောစောအိပ်စက်အနားယူခြင်းက ကိုယ်ခံအားကောင်းမွန်စေတဲ့အချက်တစ်ခုဖြစ်တာကြောင့် ညဘက်တွေမှာ ကောင်းစွာအိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။