မြန်မာနိုင်ငံက လူအများစုဟာ တတ်ထားတဲ့ပညာတွေကို အသုံးချဖို့ သိပ်မတွေးတတ်ကြပါဘူး။ ဘယ်လိုအသုံးချရမယ်ဆိုတာ မစဉ်းစားကြဘဲ ဘွဲ့တစ်ခုရဖို့အတွက်ကိုသာ အထူးအာရုံထားတတ်ကြတာကို တွေ့မြင်နေရပါတယ်။ လက်တွေ့လုပ်ငန်းခွင် ဝင်တဲ့အခါမှာလည်း တတ်ထားတဲ့ ပညာတွေနဲ့ မဆိုင်တဲ့ လုပ်ငန်းခွင်တွေဆီ ရောက်နေကြသူတွေ ဒုနဲ့ဒေးပါ။

ပညာတွေကို ဘယ်လိုအသုံးချကြမလဲ

Source: Fast Business Loan Malaysia

တကယ်တမ်း ကိုယ်တတ်ထားတဲ့ပညာကို ဘယ်လို အသုံးချကြမလဲဆိုတာကလည်း အရေးကြီးပါတယ်။ တကယ်တော့ ပညာသင်တယ်ဆိုတာ ဘွဲ့ရအောင်သင်ယူနေကြတာမဟုတ်ပါဘူး။ စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်ကိုရအောင် ပညာသင်ခဲ့ကြတာပါ။

ပညာတတ်တယ်ဆိုတာ ဘာလဲ

Source: Gajotres.net

စာတွေတတ်ကြပေမယ့်လည်း အမှန်တကယ်ပညာမတတ်တဲ့သူတွေ အများကြီးပါ။ စာကိုသာ တွင်တွင်ဖတ်ကြပေမယ့်လည်း ဒီစာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးခွန်းထုတ်ဖို့ မကြိုးစားတတ်ကြပါ။ တကယ်တော့ စာတွေထဲက မေးခွန်းထုတ်တတ်မှသာ တကယ့်ပညာအစစ်ကို ရနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိပညာရေးစနစ်

ခုလက်ရှိ ပညာရေးစနစ်ဟာဆိုရင်တော့ စာတွေကိုသာ ခေါင်းထဲအလွတ်ကျက်မှတ် ရိုက်သွင်းတတ်ကြတဲ့ ပညာရေးစနစ်ပဲ ဖြစ်နေရပါတယ်။ တကယ့်လက်တွေ့လောကနဲ့ စပ်ဟပ်အောင် မဆောင်ရွက်နိုင်ကြဘဲ စာတတ်ခြင်း၊ ဘွဲ့လက်မှတ်များခြင်းကိုသာ ပညာတတ်တယ်လို့ ထင်မှတ်မှားနေကြပါတယ်။ ဘွဲရလူငယ်တွေကို ကိုယ့်ဘဝ တိုးတက်မြင့်မားအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ရေရေရာရာ မသိကြတာကများပါတယ်။