[Zawgyi]

အသက္အရႊယ္အရေမ့တက္လာတယ္ဆိုရင္ထားပါေတာ့။အသက္လဲမႀကီးေသးပါပဲ မၾကာခဏ ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္ေနၿပီ ဆိုရင္ေတာ့သိပ္မဟန္ေသးပါဘူးေနာ္။ေမ့ေလ်ာ့ျခင္းဆိုတာ မ်ဳိးရိုးဗီဇနဲ႔ ဆိုင္တယ္ဆိုေပမယ့္လည္း ကို္ယ့္ရဲ႕ေနထိုင္မႈပံုစံေၾကာင့္လည္းအမ်ားႀကီး သက္ေရာက္မႈရွိႏိုင္ပါတယ္။ဒီေန႔မွာေတာ့ ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္တက္ျခင္းကို ကုစားႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ေနပါ

Source : Shutterstock

ေန႔စဥ္နဲ႔ အမွ် အလုပ္ ၊ မိသားစု ၊ လူမႈေရး စတဲ့မ်ားစြာေသာစိတ္ဖိစီးမႈဒဏ္ေတြက ဦးေႏွာက္ဆဲလ္ေတြကိုပ်က္စီးေစတာေၾကာင့္ သင့္ရဲ႕ မွတ္ဥာဏ္စြမ္းရည္ကို အဆိုးရႊားဆံုးထိခိုက္ေစၿပီး ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္ေစပါတယ္။စိတ္ဖိစီးမႈ မ်ားတဲ့ လူအမ်ားစုဟာ သာမာန္လူေတြထက္ပိုၿပီး ေမ့ေလ်ာ့တဲ့ျပႆနာကိုခံစားရတာျဖစ္ပါတယ္။ဒါေၾကာင့္အတက္ႏိုင္ဆံုးစိတ္ဖိစီးမႈကင္းေအာင္ေနပါ။ စိတ္ဖိစီးစရာႀကံဳလာရင္လည္း အျမန္ဆံုးရွင္းထုတ္ပစ္ပါ။

(၂) ဦးေႏွာက္ကိုအလုပ္ေပးပါ

Source : Shutterstock

နည္းပညာတိုးတက္လာတဲ့ေခတ္ႀကီးထဲမွာ ဘာေလးပဲမွတ္မွတ္ ဖုန္းေတြကြန္ျပဴတာေတြကိုအားကိုးလာၾကပါတယ္။ဒါဟာအေကာင္းဘက္ကၾကည့္ရင္ လြယ္ကူတယ္တိက်တယ္ဆိုေပမယ့္ အဆိုးဘက္ကၾကည့္ရင္ေတာ့ သင့္ရဲ႕ ဦးေႏွာက္ အလုပ္လုပ္ႏိုင္စြမ္းကိုေလ်ာ့ခ်လိုက္သလိုျဖစ္ေစပါတယ္။ဒါေၾကာင့္ သင့္ရဲ႕ဦးေႏွာက္ကိုအလုပ္ျပန္ေပးပါ။မိသားစုဝင္ေတြ အေရးႀကီးတဲ့ဖုန္းနံပါတ္ေတြကို ဦးေႏွာက္နဲ႔ အလြတ္ရေအာင္မွတ္ပါ။တရားထုိင္ျခင္း ေယာဂကစားျခင္းစတဲ့ စိတ္ကိုတည္ျငိမ္ေစမယ့္အရာေတြလည္းလုပ္ေပးႏိုင္ပါတယ္။

(၃) အိပ္ေရးဝဝအိပ္စက္ပါ

Source : Shutterstock

လူတစ္ေယာက္က တစ္ရက္ကိုအနည္းဆံုး (၇)နာရီခန္႔ အိပ္စက္အနားယူရမယ္ဆိုတာ လူတိုင္းသိထားၿပီးျဖစ္မွာပါ။ဒါေပမယ့္ ယေန႔ေခတ္လူေတာ္ေတာ္မ်ားမ်ားက ညဘက္အိပ္စက္ခ်ိန္ေတြအရမ္းကိုေလ်ာ့နည္းလာပါတယ္။ဒီလိုကလၾကာရွည္အိပ္ေရးပ်က္ျခင္းက သင့္ရဲ႕ဦးေႏွာက္နဲ႔ မွတ္ဥာဏ္စြမ္းရည္ကို ပ်က္စီးေစတဲ့ အဓိကအေၾကာင္းအရင္းျဖစ္ပါတယ္။ဒါေၾကာင့္ ဦးေနွာက္ဥာဏ္စြမ္းတိုးတက္ေစၿပီး ေမ့ေလ်ာ့ျခင္းကို ကုသႏိုင္ဖို႔ အိပ္ေရးဝဝအိပ္စက္ေပးပါ။

(၄) အစားအေသာက္ဆင္ျခင္ပါ

Source : Shutterstock

မွတ္ဥာဏ္နဲ႔ အာရံုစူးစိုက္မႈေကာင္းေစဖို႔ဆိုရင္ အျမန္စားသုံးႏိုင္တဲ့အစားစာေတြ ၊ ျပဳျပင္မြမ္းမံထားတဲ့အစားအေသာက္ေတြ ၊ ျပည့္ဝဆီေတြ ၊ အခ်ဳိနဲ႔ အငံမ်ားတဲ့အစားစာေတြကိုေရွာင္က်ဥ္ရပါမယ္။ဦးေႏွာက္ကိုအက်ဳိးျပဳေစမယ့္ အစိမ္းေရာင္ရွိတဲ့ဟင္းသီးဟင္းရႊက္ေတြ အေစ့အဆံေတြ ေကာ္ဖီ ေခ်ာကလက္နဲ႔ အိုမီဂါသရီးဖက္တီအက္စစ္စတဲ့ အစားအစာေတြကိုမ်ားမ်ားစားသံုးေပးရပါမယ္။

[Unicode]

အသက်အရွှယ်အရမေ့တက်လာတယ်ဆိုရင်ထားပါတော့။အသက်လဲမကြီးသေးပါပဲ မကြာခဏ မေ့မေ့လျော့လျော့ဖြစ်နေပြီ ဆိုရင်တော့သိပ်မဟန်သေးပါဘူးနော်။မေ့လျော့ခြင်းဆိုတာ မျိုးရိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့်လည်းအများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ဒီနေ့မှာတော့ မေ့မေ့လျော့လျော့ဖြစ်တက်ခြင်းကို ကုစားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ

Source : Shutterstock

နေ့စဉ်နဲ့ အမျှ အလုပ် ၊ မိသားစု ၊ လူမှုရေး စတဲ့များစွာသောစိတ်ဖိစီးမှုဒဏ်တွေက ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေတာကြောင့် သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အဆိုးရွှားဆုံးထိခိုက်စေပြီး မေ့မေ့လျော့လျော့ဖြစ်စေပါတယ်။စိတ်ဖိစီးမှု များတဲ့ လူအများစုဟာ သာမာန်လူတွေထက်ပိုပြီး မေ့လျော့တဲ့ပြဿနာကိုခံစားရတာဖြစ်ပါတယ်။ဒါကြောင့်အတက်နိုင်ဆုံးစိတ်ဖိစီးမှုကင်းအောင်နေပါ။ စိတ်ဖိစီးစရာကြုံလာရင်လည်း အမြန်ဆုံးရှင်းထုတ်ပစ်ပါ။

(၂) ဦးနှောက်ကိုအလုပ်ပေးပါ

Source : Shutterstock

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ဘာလေးပဲမှတ်မှတ် ဖုန်းတွေကွန်ပြူတာတွေကိုအားကိုးလာကြပါတယ်။ဒါဟာအကောင်းဘက်ကကြည့်ရင် လွယ်ကူတယ်တိကျတယ်ဆိုပေမယ့် အဆိုးဘက်ကကြည့်ရင်တော့ သင့်ရဲ့ ဦးနှောက် အလုပ်လုပ်နိုင်စွမ်းကိုလျော့ချလိုက်သလိုဖြစ်စေပါတယ်။ဒါကြောင့် သင့်ရဲ့ဦးနှောက်ကိုအလုပ်ပြန်ပေးပါ။မိသားစုဝင်တွေ အရေးကြီးတဲ့ဖုန်းနံပါတ်တွေကို ဦးနှောက်နဲ့ အလွတ်ရအောင်မှတ်ပါ။တရားထိုင်ခြင်း ယောဂကစားခြင်းစတဲ့ စိတ်ကိုတည်ငြိမ်စေမယ့်အရာတွေလည်းလုပ်ပေးနိုင်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်စက်ပါ

Source : Shutterstock

လူတစ်ယောက်က တစ်ရက်ကိုအနည်းဆုံး (၇)နာရီခန့် အိပ်စက်အနားယူရမယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်မှာပါ။ဒါပေမယ့် ယနေ့ခေတ်လူတော်တော်များများက ညဘက်အိပ်စက်ချိန်တွေအရမ်းကိုလျော့နည်းလာပါတယ်။ဒီလိုကလကြာရှည်အိပ်ရေးပျက်ခြင်းက သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ဒါကြောင့် ဦးနှောက်ဉာဏ်စွမ်းတိုးတက်စေပြီး မေ့လျော့ခြင်းကို ကုသနိုင်ဖို့ အိပ်ရေးဝဝအိပ်စက်ပေးပါ။

(၄) အစားအသောက်ဆင်ခြင်ပါ

Source : Shutterstock

မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင် အမြန်စားသုံးနိုင်တဲ့အစားစာတွေ ၊ ပြုပြင်မွမ်းမံထားတဲ့အစားအသောက်တွေ ၊ ပြည့်ဝဆီတွေ ၊ အချိုနဲ့ အငံများတဲ့အစားစာတွေကိုရှောင်ကျဉ်ရပါမယ်။ဦးနှောက်ကိုအကျိုးပြုစေမယ့် အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွှက်တွေ အစေ့အဆံတွေ ကော်ဖီ ချောကလက်နဲ့ အိုမီဂါသရီးဖက်တီအက်စစ်စတဲ့ အစားအစာတွေကိုများများစားသုံးပေးရပါမယ်။