အသက်အရွှယ်အရမေ့တက်လာတယ်ဆိုရင်ထားပါတော့။အသက်လဲမကြီးသေးပါပဲ မကြာခဏ မေ့မေ့လျော့လျော့ဖြစ်နေပြီ ဆိုရင်တော့သိပ်မဟန်သေးပါဘူးနော်။မေ့လျော့ခြင်းဆိုတာ မျိုးရိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့်လည်းအများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ဒီနေ့မှာတော့ မေ့မေ့လျော့လျော့ဖြစ်တက်ခြင်းကို ကုစားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ

handsome businessman relaxing on luxury armchair at modern office

Photo : Crello

နေ့စဉ်နဲ့ အမျှ အလုပ် ၊ မိသားစု ၊ လူမှုရေး စတဲ့များစွာသောစိတ်ဖိစီးမှုဒဏ်တွေက ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေတာကြောင့် သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အဆိုးရွှားဆုံးထိခိုက်စေပြီး မေ့မေ့လျော့လျော့ဖြစ်စေပါတယ်။စိတ်ဖိစီးမှု များတဲ့ လူအများစုဟာ သာမာန်လူတွေထက်ပိုပြီး မေ့လျော့တဲ့ပြဿနာကိုခံစားရတာဖြစ်ပါတယ်။ဒါကြောင့်အတက်နိုင်ဆုံးစိတ်ဖိစီးမှုကင်းအောင်နေပါ။ စိတ်ဖိစီးစရာကြုံလာရင်လည်း အမြန်ဆုံးရှင်းထုတ်ပစ်ပါ။

(၂) အစားအသောက်ဆင်ခြင်ပါ

man in apron cooking vegetable salad and looking at camera

Photo : Crello

မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင် အမြန်စားသုံးနိုင်တဲ့အစားစာတွေ ၊ ပြုပြင်မွမ်းမံထားတဲ့အစားအသောက်တွေ ၊ ပြည့်ဝဆီတွေ ၊ အချိုနဲ့ အငံများတဲ့အစားစာတွေကိုရှောင်ကျဉ်ရပါမယ်။ဦးနှောက်ကိုအကျိုးပြုစေမယ့် အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွှက်တွေ အစေ့အဆံတွေ ကော်ဖီ ချောကလက်နဲ့ အိုမီဂါသရီးဖက်တီအက်စစ်စတဲ့ အစားအစာတွေကိုများများစားသုံးပေးရပါမယ်။

(၃) ဦးနှောက်ကိုအလုပ်ပေးပါ

man looking at camera while practicing half lotus pose with raised prayer hands

Photo : Crello

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ဘာလေးပဲမှတ်မှတ် ဖုန်းတွေကွန်ပြူတာတွေကိုအားကိုးလာကြပါတယ်။ဒါဟာအကောင်းဘက်ကကြည့်ရင် လွယ်ကူတယ်တိကျတယ်ဆိုပေမယ့် အဆိုးဘက်ကကြည့်ရင်တော့ သင့်ရဲ့ ဦးနှောက် အလုပ်လုပ်နိုင်စွမ်းကိုလျော့ချလိုက်သလိုဖြစ်စေပါတယ်။ဒါကြောင့် သင့်ရဲ့ဦးနှောက်ကိုအလုပ်ပြန်ပေးပါ။မိသားစုဝင်တွေ အရေးကြီးတဲ့ဖုန်းနံပါတ်တွေကို ဦးနှောက်နဲ့ အလွတ်ရအောင်မှတ်ပါ။တရားထိုင်ခြင်း ယောဂကစားခြင်းစတဲ့ စိတ်ကိုတည်ငြိမ်စေမယ့်အရာတွေလည်းလုပ်ပေးနိုင်ပါတယ်။

(၄) အိပ်ရေးဝဝအိပ်စက်ပါ

man sleeping by his wife in bed

Photo : Crello

လူတစ်ယောက်က တစ်ရက်ကိုအနည်းဆုံး (၇)နာရီခန့် အိပ်စက်အနားယူရမယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်မှာပါ။ဒါပေမယ့် ယနေ့ခေတ်လူတော်တော်များများက ညဘက်အိပ်စက်ချိန်တွေအရမ်းကိုလျော့နည်းလာပါတယ်။ဒီလိုကလကြာရှည်အိပ်ရေးပျက်ခြင်းက သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ဒါကြောင့် ဦးနှောက်ဉာဏ်စွမ်းတိုးတက်စေပြီး မေ့လျော့ခြင်းကို ကုသနိုင်ဖို့ အိပ်ရေးဝဝအိပ်စက်ပေးပါ။

Featured Photo : Harvard Health