သင့်အနေနဲ့ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေနဲ့ ကိုယ့်ရဲ့ အာရုံစူးစိုက်မှု စွမ်းရည်ကိုမြှင့်တင်လိုက်ပါ။

အားကစားပုံမှန်ပြုလုပ်သူတွေဟာ အားကစားမလုပ်သူတွေထက် ပိုပြီးအာရုံစူးစိုက်မှုကောင်းမွန်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။ အဓိကအားဖြင့်အထိုင်များသူတွေ ၊ လှုပ်လှုပ်ရှားရှားမရှိသူတွေနဲ့ အဝလွန်နေသူတွေက အာရုံစူးစိုက်မှုပိုင်းမှာ အားနည်းတယ်လို့ ဆိုပါတယ်။ဒါကြောင့် တစ်နေ့ကို ပုံမှန် နာရီဝက်ခန့် အားကစားပြုလုပ်ခြင်းဖြင့် သင့်ရဲ့ အာရုံစူးစိုက်နိုင်မှုစွမ်းရည်ကို မြှင့်တင်လိုက်ပါ။တခြားသောအားကစားတွေမလုပ်ချင်ဘူးဆိုရင်တော့ တရားထိုင်တာ ယောဂကျင့်တာမျိုးလုပ်ဆောင်ပေးပါ။

Student with closed eyes meditating in hall

Photo : Shutterstock

တစ်ခါတစ်လေမှာ မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို မြန်မြန်ပြီးချင်ဇောနဲ့ အနားယူချိန်တောင်မယူပဲ ဇောက်ချလုပ်မိတက်ပါတယ်။ဒါဟာမှားယွင်းတဲ့ အချက်တစ်ခုပါ။လူရဲ့ ဦးနှောက်ဆိုတာကလည်း အင်ဂျင်တစ်လုံးလိုပါပဲ။ အချိန်တိုင်းမောင်းနှင်ထားလို့မရပါဘူး။နားချိန်လည်းပေးရပါတယ်။ဒီလိုပါပဲ သင့်အနေနဲ့လည်း (၁) နာရီလောက်အလုပ်လုပ်ပြီး (၁၅) မိနစ်လောက်အနားယူချင်းက သင့်နောက်ထပ်လုပ်မယ့်အလုပ်တေမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မယ်ဆိုတာ မယုံမရှိပါနဲ့။

သင့်ပတ်ဝန်းကျင်မှာ စိမ်းစိုတဲ့သစ်ပင်တွေ (သို့မဟုတ်) မြက်ခင်းပြင်တစ်ခုခုတော့ရှိမှာသေချာပါတယ်။အဲ့လိုအစိမ်းရောင်ရှိတဲ့အရာတွေကို ကြည့်ပေးခြင်းက မျက်စိကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသလို အာရုံစူးစိုက်နိုင်စွမ်းလည်းပိုကောင်းလာစေပါတယ်။သင့်အနေနဲ့ အလုပ်တွေပိလို့ စိတ်ဖိစီးပြီး အာရုံစူးစိုက်နိုင်စွမ်းတွေလျော့ကျနေပြီဆိုရင်တော့ ကိုယ့်အနီးအနားမှာရှိတဲ့ အစိမ်းရောင်သစ်ပင်တွေ စိမ်းစိုတဲ့အရာတွေကို ခဏလောက်ကြည့်ပေးပါ။

handsome man reading book on couch in living room

Photo : Shutterstock

ဗဟုသုတရများဆုံဆည်းရာ ရတနာသိုက်ကြီးက စာဖတ်ခြင်းမှတပါး တခြားမရှိနိုင်ပါဘူး။စာဖတ်တယ်ဆိုတာ တကယ်တော့ မျက်လုံးကကြည့်ပြီး ဦးနှောက်က ဖတ်မှတ်တဲ့အလုပ်ကိုလုပ်နေတာပါ။ဒါ့ကြောင့် စာဖတ်ခြင်းက အကောင်းဆုံး ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။အာရုံစူးစိုက်မှု ကောင်းမွန်ဖို့ ဦးနှောက်ကို စာဖတ်ခြင်းဖြင့် လေ့ကျင့်ပေးပါ။

အိပ်ချိန်လုံလောက်စွာမရသူတစ်ယောက်အတွက် ဘယ်လိုနည်းနဲ့မှ အလုပ်တစ်ခုအပေါ်ကောင်းစွာအာရုံစူးစိုက်နိုင်မှာမဟုတ်ပါဘူး။ညဘက်မှာကောင်းစွာအိပ်စက်ခြင်းမရှိရင် နောက်တစ်နေ့မှာလေးလံထှိုင်းမှိုင်းနေပြီး ၊ ခေါင်းမူးခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့ပြဿနာတွေခံစားရမှာဖြစ်တာကြောင့် အာရုံစူးစိုက်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ဒါကြောင့် ညဘက်တွေမှာ စောစောအိပ်ယာဝင်ပါ။

Featured Image Source : RoundGlass